သုရွင္April 8, 20131min24117
၉၆၉ အစွန်းရောက်ဘာသာရေးအယူဝါဒ သည် အရှေ ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိကမြောက်ပိုင်းဥရောပ အရှေ ့ခြမ်းတွင် ပဋ္ဋိပက္ခများကိုဖြစ် စေနိုင်သော အဓိကအကြောင်း အရင်းကြီးတစ်ရပ်ဖြစ်သည်။ အာရှတိုက် တွင်အိန္ဒိယ၊ပါကစ္စတန်နှင့်ဘင်္ဂလားဒေ့ရှ်တွင် ဘာသာ ရေးအစွန်း ရောက်မှုကြောင့် နေ့စဉ်ရက်ဆက်ဆိုသလို ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြင့် ရင်ဆိုင်ကြုံတွေ့ နေရပါသည်။ နိုင်ငံတကာပြဿနာများတွင် သိမ်မွေ့သလောက် အကဲဆက်သော၊ ဖြေရှင်းရန်ခက်ခဲသလောက် ကြီးမားသော အဓိကရုဏ်းများကို ဖန်တီးတတ်သည်မှာလည်း ဤဘာသာရေးအစွန်းရောက်မှု ပြဿနာပင် ဖြစ်သည်။အစ္စလမ်ဘာသာဝင်များသည် ခရစ်ယာန်ဘာသာဝင်များပြီးလျှင် ကမ ္ဘာပေါ်တွင်လူဦးရေး ဒုတိယ အများဆုံးဖြစ်ကြောင်း သုတေသနမှတ်တမ်းများနှင့်စစ်တမ်းများက ဆိုပါသည်။ ဘာသာရေးကို မိမိတို့၏ နေ့စဉ်ရှင်သန်နေထိုင်ရေး လုပ်ငန်းစဉ်များအထိ ကျင့်ကြံအားထုတ်ရန်ကြိုးစားလာသောအခါ အစ္စလမ်ဝါဒ သည် ဝေဖန်ခံလာရပါသည်။ အစ္စလမ်ဘာသာလောက် လူ့လောကနေ့စဉ်လုပ်ငန်းဆောင်တာများအထိ ဘက်စုံနှံ ့စပ်အောင် ထဲထဲ ဝင်ဝင်ဟောကြားညွှန်ပြဆုံးမထားသော ဘာသာကမ ္ဘာပေါ်တွင်မရှိဟုပင်ပြောနိုင်ပါသည်။ နေရေးထိုင်ရေး […]