sususanAugust 31, 20101min813
အတွေ့အကြုံဟူသော စကားရပ်သည် လူတိုင်းရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းခွင်နယ်ပယ်တွင် ။ လုပ်ငန်းခွင်ဝင်အင်တာဗျူးများနှင့် ဝန်ထမ်းအလိုရှိသည်ဟူသော ကြော်ငြာတို့တွင်တွေ့ရများလေ့ရှိ သည်။ “ဒီလုပ်ငန်းနှင့်ပတ်သတ်ပြီး မင်းမှာအတွေ့အကြုံရှိပါသလား”၊ “အတွေ့အကြုံရှိသူဦးစားပေးမည်” စသည်ဖြင့် အတွေ့အသုံးများလေ့ရှိသည် အကြုံရှိသူကိုသာလျှင်လုပ်ငန်းရှင်တို့ နှစ်ခြိုက်သဘောကျလေ့ရှိတတ်ကြသည်။ ထိုသို့ပုံသေကားချပ်ရှိနေသည်ကို ကျွုန်ုပ် သဘောမကျပေ။ ထိုအရာသည် မျိုးဆက်သစ်နောင်လာနောင်သားများ၊ စွမ်းဆောင်ရည်ရှိပြီး အတွေ့အကြုံမရှိသောလူငယ် များအတွက် အစည်းအတားတစ်ခုကဲ့သို့ဖြစ်လို့နေပါသည်။ ထို့ကြောင့် အတွေ့အကြုံမရှိသောလူငယ်များ လက်မှတ်ကိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလို့နေပါသည်။ လူတစ်ယောက် လုပ်ငန်းခွင်အတွေ့အကြုံ ရှိဖို့ဆိုသည်မှာလုပ်ငန်းရှင် တစ်ယောက်မှ လုပ်ပိုင်ခွင့်ပေးမှသာရမည်ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှ မွေးကတည်းက တတ်မြောက်လာခြင်း မရှိပေ။ အလုပ်ကသာ သင်သွားကြခြင်းဖြစ်သည်။ လုပ်ငန်းအတွေ့ကြုံ ရှိသောသူသာလျှင် ဒီအလုပ်မှ ဟိုအလုပ်ပြောင်း ဟို အလုပ်မှဒီအလုပ်ပြောင်းစသည်ဖြင့်သူ့အဖို့သာလျှင်လုပ်ပိုင်ခွင့်တွေရှိလို့နေပါသည်။ဥပမာ-လူတစ်ဦးတွင်လုပ်ငန်းအတွ့အကြုံ တော့ရှိပါသည်။ သို့သော် ဟိုအလုပ်တွင်သူသည်အလွဲသုံးစားမှု (သို့မဟုတ်) လိမ်လည်မှု တစ်ခုခုဖြင့်ထွက်လာခဲ့ရသူ ထိုအရာ […]