ကုတင်အောက်က အခင်းကို တဒေါက်ဒေါက် ခေါက်သံကြားလိုက်တယ်ဆိုရင် ကျုုပ်မျက်လုံးအစုံဟာ ကျုပ် အမုန်းဆုံး နိုးထခြင်းကို ငြင်းဆန်ပြီး အတင်းဆွဲပိတ်ကြတယ် ဒီအသံဟာ အိပ်စက် အနားယူခြင်းကိုစွန့်လွတ် ဘို့ အတွက် အခန်းဖော်ရဲ့ အချက်ပေးကုလားတက်ခေါက်သံပါပဲ ။ဒါပေမယ် ကုလားတက်သံ လို တစ်ဒေါက်ဒေါက် ခေါက်သံကြီးကို တားမြစ်ဘို့ အတွက် ကျုပ်တို့မှာခွန်အား မရှိကြပါဘူး ဒီလိုပဲ နောက်တစ်နေ့မနက်တွေမှာလဲ မခေါက်ဘို့ ဒီအခန်းဖော်ကိုလည်း မကန့်သတ်ကြဘူးလေ ဘာကြေင့်လဲဆိုရင် ဒီအခန်းဖော်ဟာ ဒစ်ဂျစ်တယ် နာရီတစ်လုံးထက် တိကျမှုရှိတဲ့အပြင် ကျုပ်တို့ လုပ်ငန်းခွင်အရောက် နောက်မကျစေဘို့ ပထမဦးဆုံး မောင်းနှင်လိုက်တဲ့ ခွန်အားတစ်ခုပဲလေ။ နှစ်ထပ်ကုတင်ပေါ်က လျှောဆင်းလိုက်တယ်  မျက်နှာသစ်ရေချိုး စက်ရုပ်တစ်ရုပ်လို ဆက်တိုက်  လုပ်ကြရတော့တယ်  ဒါတွေပြီးသွားရင်တော့ ကျုပ်တို့အတွက်ထုတ်ပေးထားတဲ့  ဝတ်ဆင်ရာမှာ အတန်ငယ် မွန်းကြပ်ပြီးထူထဲထဲ နိုင်တဲ့အပြင်ချွေးနံ အတန်ငယ်နံပေမယ် […]