P zerJuly 30, 20111min24523
ဟိုတစ်နေ့ က သားအမိ သားအဖ သုံးယောက် မနက်စာ စားဖို. လက်ဖက်ရည်ဆိုင် သွားကြတယ်..ပုံမှန်ဆို အိမ်မှာပဲ မနက်စာ စားနေကျမို. ရံဖန်ရံခါ ဆိုင်မှာ စားတုန်းလေး တဝ ကြိတ်ကြပါတယ်.. အဲဒီဆိုင်က လက်ဖက်ရည်လဲကောင်း၊ စားစရာလဲ စုံပါတယ်..အာလူးပူတီ ၊နန်းကြီးသုတ် တစ်ယောက် တစ်ပွဲနဲ့ မဝလို့ နောက်တစ်ပွဲ ထပ်မှာ ၊ တစ်ယောက် တစ်ဝက်စားနဲ့ ဗိုက်တော်တော်လေးကားမှပဲ ပိုက်ဆံရှင်းတော. စားပွဲထိုးမလေး ရောက်လာပါတယ်..စားထားတာတွေ ကြည်.ပြီး ၅၀၀ဝ ကျတယ်တဲ့ … ကျမတို. က ပိုက်ဆံရှင်းခါနီးဆို ပြန်စစ်တတ်တဲ့ အကျင့်ရှိတော. ကောင်မလေးကို ဈေးတွေ ပြောခိုင်းပြီး ပြန်တွက်ပါတယ်..စားထားတာများပေမဲ့ ၅၀၀ဝ တော့ မကျဘူးလို.လဲထင်လို.ပါ.. တကယ်တွက်ပြီးတော့ ၃၈၀ဝ ပဲ ကျပါတယ်..ကဲ ဒီအထိထားဦး […]