လူကေလးFebruary 22, 20131min22818
ဘယ်သူမှ မဆိုးပါဘူး လူအများပြောနေကျတဲ့ နေဝင်ရီတရော ဆိုတာ ဒီအချိန်ထင်ပါရဲ့.. . ပတ်ဝန်းကျင်ကိုကြည့်ရတာ အိပ်ငိုက်နေသလိုပဲ.. မပွင့်မလင်းနဲ့ဆိုပါတော့. . ကျွန်တော့ရဲ့ကလေးတွေကတော့ ပတ်ဝန်းကျင်အခြေအနေနောက်ကို မခံစားနိုင်ပဲ.. အရင်ပြီးတဲ့သူ ပြန်ရမယ်ဆိုတဲ့ မက်လုံးကြောင့် အသေအကြေ တွက်နေကြလေရဲ့.. လက်ချိုးပြီးပေါင်းတဲ့သူနဲ့.. ခြေချောင်းတွေပါထည့်ရေနေတဲ့သူနဲ့.. သူတို့ကို ကြည့်ရင်း ကျွန်တော် ပြုံးလိုက်မိတယ်.. ကျွန်တော်ဒီဘက်ခြံမှာ ကလေးတွေ စာသင်နေတုန်း .. ကျွန်တော်တို့အိမ်က ဆူညံဆူညံ အသံတွေက တစ်စထက်တစ်စ ကျယ်လာပါတော့တယ်.. ကျွန်တော် ဖေဖေ့အသံ ကိုတော့ သိပ်မကြားရပါဘူး .. ညီလေး အသံကတော့ တစ်ချက်တစ်ချက် ဟိန်းကနဲပဲ.. “မလုပ်ချင်ဘူးဗျာ.. လုံးဝပဲ.. မဝယ်ပေးဘူးဆို . .. မဝယ်ပေးဘူး.. ဖေဖေအဲလိုတွေ သောက်နေလို့ ခုထတောင်မထနိုင်တော့ဘူး မဟုတ်လား.. သားကိုလာမခိုင်းနဲ့.. သားလုံးဝမဝယ်ပေးဘူး…” […]