manawphyulaySeptember 28, 20131min2178
ကျွန်မ ခုတစ်လော မှန်တာပြောရရင် ဒီရက်ပိုင်းမှာ အလုပ်တွေ များပြီး အပြင်သင်တန်းတွေတက်နဲ့ဆိုတော့ အရမ်းပင်ပန်းပြီး စာရေးချင်စိတ် လုံးဝ မရှိဘူး။ ရေးချင်စိတ်မရှိတဲ့အချိန်မှာ ဖြစ်ညှစ်ရေးရင် ဝတ်ကျေတန်းကျေတွေ ဖြစ်ပြီး ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေလည်း ထိထိရောက်ရောက်မရှိမှာ အရမ်းစိုးရိမ်တဲ့အတွက်ကြောင့် သိပ်မရေးဖြစ် တာပါ။ ကျွန်မအနေနဲ့ ခံယူထားတာကတော့ စာရေးတဲ့အခါ စာရေးသူဘက်ကနေ မရေးပဲ စာဖတ်သူအနေဖြင့်သာ ရေးချင်ပါတယ်။ နောက်ပြီး သိသမျှကို ဝေမျှခြင်းဟာ ကိုယ့်အတွက်ကော သူများအတွက်ကော ပိုမိုအကျိုးရှိစေပါတယ်။ အများအားဖြင့် အကြောင်းက ခုခေတ် လူငယ်လေးတွေ ကျောင်းပြီး ဘွဲ့ရလို့ တစ်ချို့ အလုပ်အကိုင်နဲ့ ဖြစ်သွားကြတဲ့ သူတွေရှိသလို၊ တစ်ချို့ကျတော့လည်း အလုပ်မရသေးတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်၊ အင်တာနက်ဆိုင်ဝင်၊ ချက်တင်တက် ဒါတွေအပြင် ခုနောက်ပိုင်း ပိုဆိုးတာက လမ်းဘေးအရက်ဆိုင်၊ […]