fattyJanuary 7, 20121min17715
သွားရင်းလာရင်းလမ်းဘေးမှာ ကလေးတယောက်နဲ့ တောင်းနေတဲ့သူတယောက်ကိုတွေ့လို့ ရိုက်ထားလိုက်တာပါ။ ခေါင်းထဲမှာလဲအတွေးတွေဝင်လာပါတယ် ..။ ဒါမျိူးတွေဖွံ့ဖြိုးပြီးနိုင်ငံတွေမှာလဲတွေ့ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ဆီမှာ အသားလွတ်ကြီးထိုင်တောင်းနေတာတော့မတွေ့ရဘူးဗျ။ ကိုယ်တတ်တဲ့အနုပညာလေးနဲ့ဖျော်ဖြေကြရပါတယ်။ ဒီမှာတော့ ဟုတ်တာရောမဟုတ်တာရော ရောနေပြီပေါ့နော …။ အဲဒါတွေဟာ စံနစ်ရဲ့သားကောင်ဖြစ်ကြရတာလို့ကျနော်မြင်မိပါတယ်။ ခေါင်းဆောင်လုပ်သူက သူကြိုက်တဲ့စံနစ်နဲ့ ကိုင်တွယ်အုပ်ချုပ်တယ် သူကတော့ချမ်းသာသွားတယ် ကျန်တဲ့ပြည်သူတွေကတော့ သားကောင်ဖြစ်ရပြီးလှိမ့်နေအောင်ခံကြရတာမို့လား။ အခုတော့ ပြည်သူတွေကြိုက်တဲ့စံနစ်ကိုသွားနေပြီလို့ပြောနိုင်ပြီပေါ့နော …။ ကိုယ်ကြိုက်တဲ့စံနစ်ကိုကူးပြောင်းနေတဲ့အချိန် ကိုယ်ကိုယ်တိုင်ကလည်း တဖက်တလမ်းက ပါဝင်ရပါလိမ့်မယ်။ ပါလည်းပါသင့်ပါတယ်။ ကဲ တဦးတယောက်ချင်းအနေနဲ့ ဘယ်လိုပါဝင်သင့်လဲ ဘယ်လိုပါဝင်နိုင်မလဲဆိုတာလေးတွေ နဲနဲဆွေးနွေးပေးကြပါလို့တောင်းဆိုပါရစေဗျာ ….။ လာဒ်ပေးလာဒ်ယူတွေ့ရင် ဒီအတိုင်းငြိမ်မနေဘဲ အများသိအောင်လုပ်တာမျိုးတို့ အမြင်မတော်တာတွေ့ရင် နစ်နာနေတာတွေ့ရင် အရင်ကလို ငါနဲ့မဆိုင်ပါဘူး ဆိုပြီး အရင်ကလို မနေကြဘဲ မီဒီယာတွေကိုဆက်သွယ်ပြီး ပြောပြတာမျိုးတို့ လိုပေါ့ …. တာဝန်သိတတ်တဲ့ နိုင်ငံသားတယောက်ဖြစ်ရင် ခံယူချက်ရှိတဲ့နိုင်ငံသားတယောက်ဖြစ်ရင် ပိုကောင်းတာပေါ့နော ..။ […]