အာဂNovember 12, 20101min20210
ယနေအဖွဲ့ချုပ်ရုံးရှေ့မှ ဘဘဦးဝင်းတင်နှင့် အဖွဲ့ချုပ်လူကြီးများ… နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် သက်တမ်းကုန်ဆုံးမည့် လာမည့် စနေနေ့မှာ လုံးဝလွတ်မြောက်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဉာဏ်ဝင်းက ပြောဆိုပါတယ်..။ မေး။…။ အန်ကယ် အန်တီစု ပြန်လွတ်မယ့် အပေါ် အန်ကယ့် အမြင်လေး ပြောပြပေးပါ…။ ရှေ့နေကြီးဦးဉာဏ်ဝင်း..။…။ ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်မယ်လို့ အန်ကယ်ပြောလိုပါတယ်..။ မေး။..။ ဘယ်နေ့ ဘယ်အချိန်လောက်ပါလဲ အန်ကယ်..။ ရှေ့နေကြီးဦးဉာဏ်ဝင်း..။….။ ၁၃ရက်နေ့ပေါ့ သူတို့ဥပဒေအတိုင်းဆို ဒေါ်အောင်ဆန်းစုကြည်ကို စပြီး Move လုပ်သွားတဲ့ အချိန်က ည(၇)နာရီပေါ့… အဲ့တော့ သူတို့ တိတိကျကျ လုပ်ရင်တော့ ည(၇)နာရီပေါ့။ ဒါပေမယ့် နေ့ခင်း လွှတ်ရင်လည်း ရပါတယ်ဗျာ… သူတို့ အဲ့လို တိတိကျကျ […]