black chawApril 6, 20121min1269
မနက်ဖြန် ဧပြီလ ရ ရက်နေ့ဆိုရင် အမေ လူထုဒေါ်အမာ ကွယ်လွန်တာ၄ နှစ်တင်းတင်း ပြည့်တဲ့နေ့ပါ။ ဧပြီလ ၁ ရက် ရွေးကောက်ပွဲမှာ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောင်ပွဲခံသွားတဲ့ ပုံရိပ်တွေကိုကြည့်ရင်း အမေ့ကို သတိရနေမိပါတယ်။ အခုလို ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ အောင်ပွဲခံနေတာတွေကို အမေ မြင်မသွားရရှာပါဘူး။ အမေလူထုဒေါ်အမာ ကွယ်လွန်တဲ့ ၄ နှစ်ပြည့် အမှတ်တရ အလွမ်းစကားလေးတွေ ရေးကြရအောင်ဗျာ။ အမေလူထု ဒေါ်အမာ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီထက်ပိုရေးချင်ပေမယ့် ဒီလောက်ပဲ ရေးနိုင်တာကို ခွင့်လွှတ်ပေးကြပါ။ အမေ လူထုဒေါ်အမာကို ကျွန်တော်တို့ ရွာသူားတွေ လွမ်းဆွတ်ခြင်း အမှတ်တရ အနေနဲ့ ကွန်းမန့်လေးတွေ ရေးပေးကြပါလို့ လေးလေးစားစား တောင်းဆိုပါရစေ ခင်ဗျာ။