ဒီအကြောင်းလေးကတော့ အသားအရေနဲ့ ဓါတ်မတည်သူများအတွက် သတိထားဖို့ပါ ကျုပ်တို့ မြန်မာက တိုက်ခန်းနေအိမ်ရှင်မများနှင့်  လူတန်းစားအလွှာစုံ ကစီးတတ်ကြတဲ့ စလစ်ပါ  ဖေါ့ဖိနပ်ကလေးတွေပါပဲ အရောင်းအသွေးမျိုးစုံ  တံဆိပ်မျိုးစုံနဲ့ တရုတ်နိုင်ငံက ဝင်ရောက်လာတာပါ ဒီဖိနပ်တွေကို အိမ်ရဲမီဖိုခန်းမှာ ဟင်းချက်ထမင်းချက်ရင်း စီထားတတ်သလို ပြင်ပ သွားလာရာမှာ ပေါ့ပေါ့ ဝတ်ဆင်တတ်ကြပါတယ် ရေအိမ်အဝင်အထွက်တွေမှာလဲ ရေအိမ်သုံး အတွက် ဆောင်ထားတတ်ကြပါတယ် ဆင်းရဲသားလူတန်းစားအတွက်တော့ ဘယ်နေရာ သွားသွား စီးတတ်ကြပါတယ် ဈေးနှုန်းကလဲချိုသာပါတယ် ဒါပေမယ့် အဲဒီဖိနပ်တွေဟာ အရေပြား ဓါတ်မတည့်သူများအတွက်တော့ အောက်မှာပြထားသလို မဖြစ်ကြစေဘို့ တင်ပြလိုက်ရပါတယ်……… ဈေးပေါတယ်  အန္တရာယ်တော့ရှိပါတယ်ခင်ဗျား။။။ ဒီဖိနပ်ကလေးတွေပါပဲ…ဒါလေးတွေစီးရင်တော့  ဒီလိုဖြစ်သွားနိုင်ပါတယ်..။။ ဖော့ ဖိနပ် (စလစ်ပါ)တွေကိုသတိထား စီးကြစေဘို့ စေတနာဖြင့် မန်းဂေဇက်ပရိတ်သတ်အတွက်တင်ပြပေးအပ်ပါတယ်..။။ ။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။