jullies cezerOctober 17, 20121min1678
မင်္ဂလာရှိသော မန်နေဂျာ ဘယ်လိုတုန်း မန်နေဂျာကြိးရဲ့ လုပ်ငန်းကိုင်တာ တွေအဆင်ပြေရဲ့ မဟုတ်လား ကိုဝင်းပါလား ။ထိုင်ပါဗျာ ကျွန်တော့ အလုပ်ကတော့တစ်နေ့တစ်နေ့ အရာရာနဲ့အကြောင်းကြောင်းချည်းပါပဲ။ အဲ့ဒီ အရာရာနဲ့ အကြောင်းကြောင်း တွေကို ဖြေရှင်းနိုင်မဲ့ လူလို့ ကုမ္ဖဏီ က ယုံကြည်လို့ပဲ ခင်ဗျားကို ဒီရာထူးပေးထားတာ မဟုတ်လား။ ဟုတ်တော့ဟုတ်ပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော့ဘက်က ဂရုတစိုက် ချို့ယွင်းချက်မရှိအောင်စီမံခန့်ခွဲပေးနေပါလျက်နဲ့ အားထားရတဲ့ဝန်ထမ်းတွေက အလုပ်က နှုတ်ထွက်ကုန်ကြတယ်ဗျာ။ ဒီနှစ်အတွင်း လေးငါးယောက်ရှိပြီ။ ဝါရင့်ကျွမ်းကျင် ဝန်ထမ်းတွေချည်းဖြစ်နေတော့ ချက်ခြင်းကို အစားထိုးဖြည့်တင်းဖို့က မလွယ်ဘူးဗျ။ ဒီအတိုင်းသာဆို ကျွန်တော်တို့ ကုမ္ပဏီ ရဲ့ ရှေ့ရေး ရင်လေး စရာပဲ.. သူတို့ နှုတ်ထွက်စာ လာတင်တော့ ခင်ဗျားက ဘာကြောင့်ထွက်ရတယ်ဆိုတာ မေးမြန်းမကြည့်ဘူးလား။ အလုပ်ထွက် အင်တာဗျူး မလုပ်ဖူးလား။ […]