True FaithSeptember 10, 20101min660
ပဲခူးမြို့ ဇိုင်းဂနိုင်းရပ်မှာ စက်တင်ဘာလ (၄) ရက်နေ့က ဖြစ်ပွားသွားခဲ့တဲ့ အရပ်သား လူငယ်နှစ်ယောက်ကို စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားတဲ့ လူသတ်မှုအကြောင်းကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ လူမိုက်သားတွေကတော့ ရမ်းကားသွားခဲ့ပြန်ပါပြီ။ အများပြည်သူလူထုရှေ့မှာ ပြည်သူလူထုက မွေးဖွားထား တဲ့ အရွယ်ကောင်းသား ယောက်ျားလေးနှစ်ယောက်ကို အော်တော်မစ်တစ် သေနတ်တွေနဲ့ ပစ်သတ်သွားခဲ့ပါ ပြီ။ ပစ်သတ်သွားရုံသာမကသေးဘဲ “ဘယ်သူစမ်းချင်သေးလဲ၊ လာခဲ့ကြ သေခြင်းဆိုးနဲ့ အကုန်သေကုန်မယ်” လို့တောင် ပြည်သူလူထုကို ကြိမ်းမောင်း စိန်ခေါ်သွားလိုက်ပါသေးတယ်။ အဲဒီသူတွေဟာ ဘယ်သူတွေပါလဲ။ စစ်အစိုးရက “တပ်မတော်သာလျှင် အမိ တပ်မတော်သာလျှင် အဖ” လို့ ဆိုထားတဲ့ တပ်မတော်သားတွေပါ။ အဲဒီလူသတ်မှုကို ကျူးလွန်သူတွေဟာ ပြည်သူလူထုရဲ့သားတွေပါပဲ။ သူတို့ ဘာဖြစ်လို့ ဒီလောက်ရက်စက် ရိုင်းစိုင်းသွားကြတာပါလဲ။ ဘာဖြစ်လို့ ဒီလောက်ထိ လူစိတ်ကင်းမဲ့သွားကြတာပါလဲ။ အဖြေကတော့ […]