လင်းဝေJune 7, 20121min18111
လူမျိုးရေး ပြဿနာတွေ မြန်မာပြည်မှာ ဘယ်အချိန်က စတင်ပြီး ဖြစ်ပွားခဲ့ပါသလဲ။ မင်းတုန်းမင်းလက်ထက်မှာ ဖြစ်ပြီလား။ ဦးပိန်တံတား ဆောက်တဲ့ မြို့စာရေးမောင်ပိန် က ဘာလူမျိုးလဲ သိသူများ ဖြေပေးစေချင်ပါတယ်။ သူ့ဆရာကတော့ လူမျိုးခြားမှန်းသိပါတယ်။ ကုန်းဘောင်ရှာပုံတော်ထဲမှာတော့ တင်တင်စီးစီးနာမည်ပဲတွေ့တယ်။ ဘိုင်ဆပ်တဲ့။ တစ်ယောက်စ နှစ်ယောက်စတော့ ရှိနေပါပြီလို့ပြောရပေမယ့် လူမျိုးရေး အဓိကရုဏ်းတွေ ဘာတွေဖြစ်လောက်အောင် အရေအတွက်မများသေးဘူးထင်ပါတယ်။ နောက် ရခိုင်ပြည်နယ်ဘက်မှာလည်း အဲဒီအချိန်အထိ ပန်းဝါ တို့ စစ်တကောင်း တို့ဆိုတာ မြန်မာဘုရင့် အာဏာစက်အောက်က နယ်မြေတွေပါ။ စစ်သူကြီး မဟာဗန္ဓုလ သွားတိုက်ရတဲ့ “ပန်းဝါ” တိုက်ပွဲ ဆိုတာ အဲဒီ အခု“ကော့က်ဘဇား” ပေါ့။ သိန်းဖေမြင့် ရဲ့ စစ်အတွင်း ခရီးသည် စာအုပ်မှာလည်း သူတို့ ရခိုင်ကိုကျော်ပြီး အိနိ္ဒယ(အခု ဘင်္ဂလားဒေ့ရှ်) […]