မွတ်ဆလင်လူငယ်အားရဟန်းအဖြစ်သို့သွတ်သွင်းခဲ့သူဆရာတော်မှာ နာဇီရွာ အကွက်(၁)တွင်ရှိသော စန္ဒာလောကကျောင်းတိုက်တွင်ရှိသော ဆရာတော်စန္ဒာလောကပင်ဖြစ်ပါသည်ဟုသိရှိရပါတယ်။ ဆရာတော်စန္ဒလောကမှ သဘောရိုးဖြင့်သင်္ကန်းစီးပေးခဲ့သော်လည်း သူတွင်အကြံအစည်များပါဝင်ခဲ့သည်ဟု ၎င်းအားစစ်ဆေးစဉ်ပါဝင်ခဲ့သောရဟန်းပျိုအဖွဲ့(စစ်တွေ)မှ ဒု-အတွင်းရေးမှူးဖြစ်သူ အရှင်ဓမ္မဓဇက နရဉ္စရာသတင်းဌာနသို့ပြောကြားခဲ့ပါသည်။ မေးတဲ့အခါမှာ ဦးဇင်းတို့တဖွဲ့တည်းမဟုတ်ပဲ လူကြီးတွေအားလုံးရှိပါတယ်။ရဲလည်းရှိတယ်၊SPကလည်းရှိတယ်၊စစ်တပ်ကလည်းရှိတယ်၊သာသနာရေးအဖွဲ့ကလည်းရှိတယ်၊ အားလုံးဝိုင်းပြီးတော့မေးကြပါတယ်။သူကပြောတာတော့ သူတို့အဖွဲ့က အားလုံး(၇)ယောက်ရှိတယ်လို့ဆိုပါတယ်၊သူတို့ကိုအထက်က အမိန့်ပေးထားတဲ့သူက ခိုင်းတာလို့ပြောပါတယ်၊ဘုန်းကြီးကျောင်းတွေကိုမီးရှို့ဘို့ ပုံစံနဲ့ခိုင်းတာလို့ပြောပါတယ်၊သူ့ရဲ့ပြောပြချက်ပါ၊ တိကျတဲ့သတင်းကတော့ မရသေးပါဘူးလို့ဆိုပါတယ်။ ယခုကဲ့သို့ မွတ်ဆလင်လူငယ်တစ်ဦးကို သင်္ကန်းစည်းပေးတာ ဝိနည်းတော်နဲ့ညီရဲ့လားဆိုပြီးဆရာတော် စန္ဒလောက အား မြို့နယ်သံဃာ့ကောင်စီမှ စစ်ဆေးမေးမြန်းနေသည်ဟုသိရပါသည်။ မွတ်ဆလင်ဘာသာမှမဟုတ်ဘူး၊ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် မိမိ၏ဆန္ဒအလျှောက် ဗုဓ္ဒဘာသာသို့ကူးပြောင်းနိုင်ခွင့်ရှိပါတယ်။ မွတ်ဆလင်ဘာသာမှကူးပြောင်းလာပြီး၊ထင်ရှားကျော်ကြားခဲ့တဲ့ ဆရာတော်အရှင်အာဒိစ္စရံသီ(ဦးဆန်းလွင်)ရခိုင်ပြည်နယ်၊သံတွဲမြို့မှာမွေးဖွားခဲ့တာပါ၊။။။ဆိုတော့ကာ မြို့နယ်သံဃာ့ကောင်စီက ဝိနည်းတော်နဲ့ညီရဲ့လားဆိုတာ ဘာကိုမေးတာလဲလို့ ပြန်မေးချင်စမ်းပါတယ်။ လူမျိုးရေးကို ဘာသာရေး အသွင်ပြောင်းအောင်ဖန်တီးနေတာဘယ်သူတွေလဲ… ဓါတ်ပုံ…နရဉ္စရာသတင်းဌာနမှ ရရှိပါသည်။ အစဉ်အမြဲလေးစားခင်မင်တတ်တဲ့… အညတရ(မောင်သုည)