naungOctober 7, 20111min933
ကျွန်တော်ပြောချင်တာက ရန်ကုန်မှာဆိုရင် ဦးကျော်သူတို့ဦးဆောင်ပြီးတော့ ရန်ကုန် နာမှုကူညီရေးအသင်းကနေ အစပြုပြီး လူမှုရေးအသင်းတွေ၊ မန္တလေးမှာဆိုရင် ဆရာတော် ဦးတိက္ခ ဦးဆောင်တဲ့ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းကနေ အစပြုပြီး လူမှုရေးအသင်းအဖွဲ့တွေ ပေါ်လာပါတယ်။ အဲဒီလို ပေါ်ပေါက်လာတဲ့အတွက် ပြည်သူလူထုမှာ အရင်လိုနာရေးကိစ္စပေါ်ပေါက်လာရင် စည်ပင်သာယာမှာ သွားပြီး ယာယီကားကို သွားငှားစရာမလိုတေ့ာပါဘူး။ နီးစပ်ရာ အသင်းမှာဘဲ အကူအညီတောင်းလိုက်ရင် အသင်းက အဆင်ပြေအောင် ဆောင်ရွက်ပေး၊ ကူညီပေးသွားကြတာပါ။ တော်တော်ကို အဆင်ပြေပါတယ်။ စိတ်လည်းချမ်းသာပါတယ်။ ဦးဆောင်ပြီး ဆောင်ရွက်နေသူတွေကိုကော၊ လှူဒါန်းကြတဲ့ ကုသိုလ်ရှင်တွေကိုပါ ကျေးဇူးလည်းတင်ပါတယ်။ သာဓုလည်း ခေါ်ဆိုပါတယ်။ နောက်ပိုင်း မန္တလေးမှာဆိုရင် အသင်းတွေမှာ နာရေးကိစ္စတစ်ခုတည်းအတွက်တင်မဟုတ်ဘဲ၊ အရေးပေါ်ကူညီမှုအနေနဲ့ လူနာတင်ကားတွေထားပေးလာကြပါတယ်။ အဲဒီလိုလူမှုကူညီရေးအသင်းတွေက ရန်ကုန်၊ မန္တလေးတင်မကဘဲ မြန်မာနိုင်ငံအနှံအပြားမှာ ရှိနေပါတယ်၊ ကူညီပေးနေကြပါတယ်။ နိုင်ငံတော်အနေနဲ့ နေရာဒေသတိုင်းမှာ […]