Ma MaDecember 19, 20121min23448
ဒေါ် မိ တစ်ယောက် အလုပ်ရှုပ်နေတယ်။ သီတင်းကျွတ်ပြီဆိုတာနဲ့ အရောင်းအဝယ်တွေ ကောင်းလာတာမို့ ရောင်းသူ ဝယ်သူတွေ ကြားထဲမှာ လက်မလည်ဖြစ်နေတယ်။ အဲဒီအထဲမှာမှ လူငယ်လေးတစ်ယောက် ယောင်ပေပေနဲ့ မတ်တပ်ရပ်နေတာကို သတိထားလိုက်မိတယ်။ လူတကာတွေ သူ့ထက်ငါ အလျှင်အမြန် ရောင်းနေ ဝယ်နေကြတဲ့ အထဲမှာ အဲဒီကောင်လေးကတော့ ရပ်လျှက်။ အော်- ဒီကောင်လေးနှယ် အ လိုက်တာ။ ဒီလိုသာ မတ်တပ်ရပ်နေရင် သူ့အလှည့် ဘယ်ကျနိုင်ပါတော့မလဲ။ စိတ်ထဲက တွေးရင်းးးးး ဒေါ်မိ-ကောင်လေး ဘာလိုချင်လို့လဲ။ လူငယ်- ဒေါ် ကြီးငွေက ကထိန်အလှူအတွက် ငွေစက္ကူအသစ်ရှိရင် လဲပေးပါလို့ ခို်င်းလိုက်လို့ပါ။ အော်- အလုပ်ရှုပ်ရတဲ့အထဲ ငွေလဲချင်တဲ့သူကလည်း တမှောင့်။ ဒါပေမယ့် အလှူအတွက်လည်းဖြစ်ပြန်၊ ဒေါ် ကြီးငွေလည်း ဖြစ်ပြန်ဆိုတော့လည်း လဲပေးလိုက်ပါမယ်လေ လို့ စိတ်ထဲက […]