ဆရာလူထုစိန်ဝင်းက ခေတ်လူငယ်တွေဆိုတာ များများပြောချင်ပါတယ်။နားထောင်ရမယ် ဆိုတာ ကိုမကြိုက်ကြဘူးတဲ့။အမှန်တော့ များများနားထောင်၊နည်းနည်းဘဲ ပြန်ပြော ဖို ့တိုက်တွန်းထားပါတယ်။ခုတော့ ကျွန်မက ပညာရှိတွေဘာကြောင့် စကားနည်းရသလဲ ကိုယ်ထင်တာပြောကြည့်ပါမယ်။မိမိအတွေးနဲ ့ထင်မြင်ချက်ကိုယ်စီကို ပြောပေးကြပါဦးနော် လို ့တိုက်တွန်းပါရစေ။ စကားပြောဆိုခြင်းတွင် မိမိအလိုအလျောက်ပြောဆိုခြင်း၊သူတစ်ပါးကမေးမြန်းတိုက်တွန်း၍ပြောဆိုခြင်း ဟူ၍နှစ်မျိုးရှိရာတွင် မိမိအလိုအလျောက်ပြောဆိုရသော စကားထက် သူတစ်ပါး တို ့ကမေးမြန်းတိုက်တွန်း၍ ပြောဆိုအပ်သော ပြောဆိုခြင်းက ပို၍လေးနက်လေသည်။သူတစ်ပါးလဲ နားထောင်လိုစိတ်ရှိလေသည်။ ထို ့ကြောင့် ကျမ်းပြုအကျော်အမော်ဆရာတို ့သည် တောင်းဆိုသောပုဂ္ဂိုလ်ရှိမှသာကျမ်းဂန်ရေးသားလေ့ရှိကြသည်။ထို ့ကြောင့် မည်သည့်စကားကိုမျှမဆို သူတစ်ပါးက ပြောပါဆိုပါဟူ၍မတိုက်တွန်းမမေးမြန်းဘဲ မိမိသဘောအလျောက် စိတ်နောက်နှုတ်ပါ မပြောဆိုမိလေအောင်သတိထားကြလေသည်။သို ့သော် အကျိုးရှိမည့် အရာတို ့၌မူ မည်သူမျှမေးမြန်းခြင်း တိုက်တွန်းခြင်း မရှိသော်လည်း အခါအခွင့်အားလျော်စွာ ပြောဆိုတတ်၏။တရားစကားကိုမူ မည်သူမျှမတိုက်တွန်း မမေးမြန်းသော်လည်း အခါအခွင့်အားလျော်စွာ ဟောပြောနေလေသည်။ သို ့သော် ဆိုးယုတ်လူမိုက်တို ့သည် မည်သည့်အရာကပြောသင့်သည် အချိန်အခါအခွင့်သင့် သည် မသင့်သည်ကို […]