တကယ်တော့ ကျွန်မတို ့ရဲ ့မြို ့ကလေးက ပကတိတည်ငြိမ်နေတဲ့ တောင်သုံးလုံးချောင်ထဲမှာဝပ်တွားနေတဲါမြိ ု့ငယ်လေးပါ။ပတ်လည်ဝန်းရံထားတဲ့ တောင်တန်းတွေပေါ်မှာ ရွှေဆံတော်၊ရွှေနံတော်၊ရွှေအံတော် ဘုရားသုံးဆူရဲ ့အရိပ်အာဝါသအောက်မှာ အင်မတန်အေးချမ်းတဲ့ ဘုံဗိမာန်လေးပေါ့။ ကျွန်မတို ့မြိ ု့မှာ ဖတ်ရခဲ၊ထွက်ဖို ့ရာ ရင်တမမနဲ ့စောင့်ရတဲ ့၊နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ပုံနှိပ်နိုင်ခဲ့တဲ့ မြိ ု့နယ် မဂ္ဂဇင်းလေးတစ်ခု ဒီနှစ်မှာပြန်လည်မွေးဖွားပေးနိုင်ခဲ့ပါတယ်။ဒီနေ ့၂၀၁၁ခုနှစ်ထိ သုံးကြိမ်ဘဲ ထုတ်ဝေနိုင်ခဲ့ပါသေးတယ်။မဂ္ဂဇင်းအမှတ်(၁)ကို ၁၉၇၉ ခုမေလ၊အမှတ်(၂)ကို ၁၉၉၄ခု၊အမှတ်(၃)ကို ၂၀၁၁ ခုနှစ်မှာပြန်လည်ထုတ်ဝေနိုင်ခဲ့ခြင်းပါ။ဒီလိုကြောင့်ကြနေရတာကလဲ အခက်အခဲမျိုးစုံကြောင့်ပါ။ဒီတစ်ကြိမ်မှာ တော့ ဖြစ်မြောက်အောင်စွမ်းဆောင်တဲ့နေရာမှာ အဓိက အခရာကျသူက အသျှင်ကောသလ္လ(ဂဝေသီ)ပါ။ဆရာတော်ရဲ ့ကျေးဇူးတော်နဲ ့ဦးဆောင်မှုနောက်မှာ ဒေါက်တာမောင်မောင်(မောင် ဆေး-၂)တို ့၊ဒေါက်တာတင်ငွေတို ့အားလုံးသော စာပေကိုချစ်မြတ်နိုးသူများ၊ဒေသပေါ်သံယောဇဉ်ကြီး ကြတဲ့ စာသမားတွေ၊အနုပညာသမားတွေ တက်ညီလက်ညီ ကြိ ုးစားကြတဲ့ရလဒ်မို ့ သံတွဲမြိ […]