မမေလးOctober 10, 20101min490
အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။ ဒါမှလည်း ကြာရှည်ခံပါတယ်။ ရင့်မှမှည့်တဲ့အသီးဟာ ချိုသလိုပေါ့။ လူတွေဆိုတာ အထက်ကိုရောက်သူကိုမှ ကြည့်လို၊မြင်လိုကြတယ်။ တွေ့လိုကြတယ်။ ကျော်ကြားမှုဆိုတာ ငယ်ငယ်က ဘယ်သူမျှ မကျော်ကြားခဲ့ပါဘူး။ ကြီးလာတဲ့အခါ ကြိုးစားမှုကြောင့် အထက်တန်းရောက်ပြီး ကျော်ကြားလာရတာပါ။ လူတစ်ယောက်ကြီးပါွးတယ်ဆိုတာလည်း ၁။ အရာရာမှာ စဉ်းစားဉာဏ်ရှိရမယ်၊ ၂။ရှေးဘုန်းရှေးကံ ရှိရမယ်။ ၃။ရဲရင့်တဲ့ သတိ္တရှိရမယ်၊ ဒီသုံးချက်နဲ့ ပြည့်စုံရင် ကြီးပွါးတာပါပဲ။ လောကမှာ ဂုဏ်ရှိဖို့ထက် ရလာတဲ့ ဂုဏ်ကိုစောင့်ရှောက်ဖို့က ပိုခက်ပါတယ်။ လူတစ်ယောက် ပိုက်ဆံပေါဖို့နဲ့ စိတ်ထားကောင်ဖို့ ဘယ်ဟာက ပိုအရေးကြီးပါ့မလဲ။ ပိုက်ဆံရှိဖို့ကတော့ ကြိုးစားရင် ဖြစ်နိုင်ပါတယ်။ စိတ်ကောင်းဖို့ဆိုတာက မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ဝင်နေလျှင် သူတစ်ပါးကို အထင်သေးတာ သဘာဝပဲ။ လောကကြီးမှာ ဒါနရှိမှ လူချစ်လူခင်ကြတယ်။ သီလရှိမှ […]