kolulaySeptember 20, 20111min974
ဒီရက်ပိုင်းအတွင်း ဖတ်စရာ မရှိတာနဲ့ စာအုပ်စင်ကိုပြန်မွှေရင်း ဆရာ အတ္တကျော်ရဲ့ ဘယ်ဆီကိုများဒုန်းစိုင်းသွားနေ ဆိုတဲ့စာအုပ်လေးကို ပြန်ဖတ်မိတယ်။ အဲ့ဒီထဲက မှ သဒ္ဒါစစ် ဆိုတဲ့ အကြောင်းအရာလေးက အခုဖြစ်နေတဲ့အခြေအနေတွေအတွက် စဉ်းစားစရာလေးမို့ သိပြီးတဲ့သူတွေရော မသိသေးတဲ့သူတွေရောအတွက် ဝေမျှပေးလိုက်တာပါ။အကြောင်းအရာလေးက ဒီလိုဗျ။ နိုင်ငံခြား တိုင်းပြည် တစ်ပြည်ပေါ့။ တော်နေးဒိုး လေဆင်နှာမောင်း မွေလိုက်ချိန်မှာ မြို့ တစ်မြို့ က တော်တော်လေးထိသွားတယ်ဗျ။ ဒီသတင်း ကို နိုင်ငံ ပိုင် မီဒီယာတွေကော၊ အခြားမီဒီယာတွေကပါ ဂရုဏာသက်စဖွယ် ရေးသားဖေါ်ပြကြတယ်လေ။ အဲ့ဒီထဲကမှ ဓာတ်ပုံလေးတစ်ပုံက မိသားစုလေးတစ်ခုရဲ့ စိတ်ကို တော်တော်လေး ထိခိုက်သွားစေတယ်။ မိန်းမငယ်လေးတစ်ယောက်ဟာ ပြိုကျနေပျက်စီးနေတဲ့ တဲအိမ်လေးရှေ့ မှာ မတ်တပ်ရပ်လို့ပေါ့။ မိန်းမငယ်လေးရဲ့မျက်နှာမှာ မချိတင်ကဲ ခံစားရတာက အထင်းသားပေါ်လွင်နေတယ်။သူမရဲ့ ဘေးမှာတော့ ခုနစ်နှစ်၊ […]