ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ လွှတ်မြောက်လာကြတဲ့ နိုင်ငံရေးသမားတွေထဲမှာ ကိုမြင့်အေးတစ်ယောက်ပါမလာလို့ အလွန်ပင်စိတ်မကောင်းဖြစ်မိပါတယ်… ဦးမြင့်အေးဟာ အကြမ်းဖက်သမားတဲ့၊ဘယ်သူတွေက ပြောတာလဲဆိုတော့ မြို့ပေါ်မှာလူသတ်၊တောဘက် နယ်ဘက်တွေမှာ ထင်ရာစိုင်း၊ လူတွေကိုဖမ်းပြီး လုပ်ချင်တာလုပ်နေတဲ့သူတွေကပြောတာပါ။ လွန်ခဲ့သော နှစ်(၂၀)အတွင်းမှာကြည့်မြင်တိုင်မြို့နယ်က NLD အမာခံ၊အမိုက်ခံ လုပ်ခဲ့တဲ့လူတွေထဲမှာ ထိပ်တန်းကပါဝင်ခဲ့သူပါ။ လူ့အခွင့်အရေးမြှင့်တင်ရေးကွန်ယက်(HRDP)ကို ဦးဆောင်ခဲ့သူတစ်ဦးပါ၊ကြံ့ခိုင်ရေးနဲ့အစိုးရလက်ကိုင်တုတ်တွေရဲ့ ဝိုင်းရိုက်တာခံခဲ့ရလို့ အိမ်ကိုသွေးသံရဲရဲနဲ့ပြန်လာခဲ့ရသူပါ။ သူဟာအချိန်ပြည့်အင်တိုက်အားတိုက် လူ့အခွင့်အရေးချိုးဖောက်မူတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအင်အားတွေနဲ့တွန်းလှန်ခဲ့သူပါ။ အကြိမ်ကြိမ်ထောင်ကျလည်းသူမမူ့ပါ၊အလွန်အနေအေးသည်…မည်သူကိုမှရိုင်းရိုင်းစိုင်းစကားပြောတတ်ပါ။ သူအဖမ်းမခံရခင်တုန်းက မုန့်ဟင်းခါးဝယ်စားရင်း သူနဲ့ကြုံခဲ့ဖူးပါသည်၊ဆိုင်ကသူတို့လမ်းထိပ်ကဆိုင်မှာပါ…သူကမုန်းဟင်းခါးဖိုးပိုက်ဆံရှင်းရန် ငွေ(၅၀၀)တန်ထုတ်ပေးပါတယ်..မုန့်ဟင်းခါးသည်မှ ပြန်အန်းရန်မရှိသေးတဲ့အတွက် ရပါတယ် အကိုရယ် နောက်မှပဲ ပေးပါ ကြုံမှပေးလည်းရပါတယ်..မုန့်သည်ကလည်း တရပ်ကွက်သားချင်းမို့ ပြောလိုက်ပါတယ်…ထိုအခါ..သူက…ဟေ့..မလုပ်နဲ့ နောက်မှဆိုတာ စိတ်မချရဘူး…ငါ့ ကိုဘယ်တော့လာဖမ်းမလဲ စောင့်နေတာ..တော်ကြာ နင့်ပိုက်ဆံပါ ပါသွားအုံးမယ်…ဟုဆိုလိုက်ပါတယ်…သူတို့ ခင်မျှာ..ထမင်းစားရင်းလာဖမ်းမှာကို ထိုင့်စောင့်နေတဲ့လူစားမျိုးတွေပါ။ အမှန်ပါပဲ…သူကိုလာဖမ်းတော့လဲ…ရှပ်အကျင်္ီလည်ကတုံးအဖြူလေးကို လမ်းမှာတင်ဝတ်ပြီးလိုက်သွားရှာပါတယ်… ရွှေဝါရောင် အရေးအခင်းမှာ လက်စွမ်းပြခဲ့ကြတဲ့ […]