fattyOctober 5, 20101min895
သီပေါမင်းလက်ထက်က .. အပျိုတော်တဦးနဲ့လူပျိုတဦး … အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး နှစ်ယောက်စလုံး အဆိပ်သောက်သေခဲ့ကြပြီး … လူပြန်ဝင်စားကြပါတယ်။ ကလေးနှစ်ယောက်စလုံး တပြိုင်ထဲ လူပြန်ဖြစ်ကြတယ်ဆိုပါတော့ … တမိသားစုဆီမှာ ဝင်စားကြတာပါ … ၄ .. ၅ နှစ်ရောက်တော့သူတို့ရဲ့အတိတ်ဘဝတွေကိုပြန်မှတ်မိပြီး ကိုယ့်အိမ်ကိုပြန်ကြတယ် … အသေးစိတ်တော့ရေးမပြတော့ပါ … သူတို့ နာနာဘာဝ ဖြစ်ခဲ့တုံးက အကြောင်းတွေ .. ဥပမာ ..မန်းလေးမြို့ရဲ့ ချောင်းတခုမှာ … ရေခပ်လာတဲ့ အမျိုးသမီးကြီးဆီ ဝင်စားချင်လို့ အမှိုက် သစ်ရွက်ပုံစံနဲ့ ရေအိုးထဲလိုက်သွားရပုံတွေ … သူများတွေကိုခဲနဲ့ပေါက်ပြီး စကြတော့တစ္ဆေခြောက်တယ်ဟေ့ဆိုပြီးပြေးကြတော့ …နှစ်ယောက်သား သဘောတွေကျပြီး ရီကြရပုံတွေကိုပြန်ပြောကြ ပါတယ်။ လူဝင်စားပြီးကိုယ့်အိမ်ကိုယ် ပြန်ကြတော့ … ဘဝဟောင်းက လူတွေကိုခေါ်ပြော နှုတ်ဆက်နိုင်တာတွေကြာင့် …သူတို့သတင်းဟာ ..သီပေါမင်းအထိ ပေါက်သွားခဲ့ပါတယ်။ […]