fattyOctober 19, 20111min1249
အောင်မောင်းနှင့် ဖိုးပိန်တို့မှာ တရပ်လုံးက မျက်မုံးကျိုးကြသူများဖြစ်သည်။ အရက်သောက်ဖဲရိုက် မိန်းကလေးတွေတွေ့ရင်ဖြင့် ငန်းမြွေက အရှုံးပေးရမည်ထင့်..။ ဟေ့ကောင် .. အောင်မောင်း … တနေ့ကဒေါ်စိန်ကြီးငါတို့ကြက်ခိုးတာ သွားတိုင်တာကိုငါတော့မကြေနပ်ဘူးကွာ …။ မင်းဘာလုပ်ချင်လို့လဲ … မနက်အစောကြီး ဒေါ်စိန်ကြီး ရွှေတချောင်းဘေးက မကျီးပင်အောက်ကဖြတ်တဲ့အချိန် လန့်အောင်လုပ်ရအောင် …။ ချကွာ လုပ်မယ်ကွာ ..။ မနက်စောစောကြီး အာရုံတောင်မတက်ခင် အောင်မောင်နှင့်ဖိုးပိန်တို့ ရွှေတချောင်းချောင်းဘေးဆုံကြသည်။ ဖိုးပိန် …မင်းအပင်ကြီးဘေးကကွယ်နေ ..။ ငါ အပင်ပေါ်တက်ပြိး အနိမ်းဆုံးကိုင်းပေါ်ကနေ ထမိန်ကြီးဝတ်ပြီး ခြေထောက်ကြီးတွဲလောင်းချထားလိုက်မယ်။ ဒေါ်စိန်ကြီး မလန့်ခံနိုင်ရိုးလားကွာ …။ အကြံကောင်းမှကောင်း အောင်မောင်းရာ ကဲ တက်တော့ ..။ငါ အပင်နောက်ကနေချောင်းနေမယ် လာတာမြင်ရင်လဲ အချက်ပြမယ် ။ ဖိုးပိန်မှာ အပင်နောက်အသာလေးကွယ်နေလိုက်သည်။ အောင်မောင်းကတော့ မန်ကျီးပင်ပေါ်ဖက်တွယ်လျှက် ကိုင်းများဆွဲကာ […]