မောင် ပေApril 11, 20131min1849
ကဲကဲ ပေါက်ဖော်… ငါ့မလဲ နက်ဖန် ရိပ်သာဝင်ရတော့မယ့်အတူ ၊ ဒီည အမူးသွားမသောက်ခင် ၊ ငါ့ရဲ ့သင်္ကြန်ဈေးရောင်းဇါတ်လမ်းလေးကို ဒီညအပြီး ပြောခဲ့မယ်ကွာ ။… “ ဟေ့ရောင်…ဘာလဲ မင်းက ပုလင်းလေးနဲ ့လာတာလား ၊ နေဦးကွာ ၊ အခုမှ ထမင်းစားပြီးခါစဆိုတော့ ငါ သောက်လို ့မရသေးဘူးကွ ” အော် ငါ့သင်္ကြန် ရှေ ့ဇါတ်လမ်း ၂ပုဒ်ကတော့ ဒါတွေပါ (၁) https://myanmargazette.net/172753/creative-writing#comments (၂) https://myanmargazette.net/172933/creative-writing#comments ပေါက်ဖော်ရေ… လူကြီးတွေ လူငယ်တွေကို လမ်းညွှန်ဆုံးမလေ့ရှိတဲ့ စကားတွေထဲ မှာ ၊ သူငယ်ချင်းအချင်းချင်း စုပေါင်းစပ်ပေါင်း စီးပွားမလုပ်ရဘူး ဆိုတာ ပါတယ်ကွ ။ ဘာလို ့လဲ လို ့ပြန်မေးရင် […]


မောင် ပေApril 10, 20131min1617
အေ့……. မနေ ့က ငါပြောတာ ဘယ်နားရောက် ၊ အင်း မှတ်မိပြီ ။ ဒဂုံစည်ဘီယာ သောက်ကြည့်ပြီး ၊ ဒဂုံစည်ဘီယာ လဲ မဆိုးပါလား ဆိုတာ ငါသိလိုက်ရတယ် ပေါက်ဖော်ရေ ။ မင်းလဲ သောက်ဖူးလားတော့ ငါမသိဘူးပေါ့ကွာ ။ မင်းနဲ ့ငါနဲ ့တွေ ့ရင် မြန်မာပဲ ဆော်ကြတာကိုးကွ ။ ဆိုင်ကအပြန် ၊ ငါနဲ ့ငါ့ရှယ်ယာ မောင်အောင် တို ့… ဒဂုံစည်ဘီယာသွားချိတ်ဖို ့သဘောတူလိုက်ကြတယ် ။ နောက်နေ ့ကြတော့ ဒဂုံစည်ဘီယာရုံးကို ဂိုးကြတာပေါ့ကွာ ။ ဒဂုံစည်ဘီယာ က ၊ မင်းလဲသိတဲ့အတိုင်းပဲ ၊ မြန်မာတို ့တိုက်ဂါး တို ့လောက် နာမည်မရှိတော့ […]


မောင် ပေApril 9, 20131min23014
ပေါက်ဖော် ရေ ……. သင်္ကြန်နီးလာပြီဆိုတိုင်း ၊ ဟိုတုန်းက ဖြတ်သန်းခဲ့ဖူးတဲ့ သင်္ကြန်နေ ့ရက်တွေကို သတိရမိတယ်ကွာ ။ အဲ့ထဲကမှ စိတ်ပျော်ခဲ့ရတဲ့ ၊ စိတ်ပျက်ခဲ့ရတဲ့ ၊ စီးပွားဖြစ်ခဲ့တဲ့ တစ်နှစ်သော သင်္ကြန် ကိုတော့ အမှတ်အရဆုံးရှိသားဟ ။ ဪ… ငါ့နှယ် ပြောသာပြောနေတာ ၊ ဘယ်သင်္ကြန်မှာ ဘာတွေဖြစ်ခဲ့တာလဲ ဆိုတာ မင်းကို ပြောပြရဦးမယ်ကွာ ။ ဒီလိုဟ……. ပြီးခဲ့တဲ့ ၂နှစ်ကျော်တုန်းက သင်္ကြန်မတိုင်ခင် ၂လလောက် အလိုပေါ့ကွာ… ငါဆိုတဲ့ကောင်ကလဲ သင်္ကြန်ရောက်ရင် ဘယ်မှမလည်ပဲ ၊ ဘော်ဒါတစ်ယောက် ယောက်ရဲ ့အိမ်မှာ စုဝိုင်းနေ နေခဲ့တာ ၅နှစ်လောက်ရှိတဲ့အချိန်ပေါ့ ။ ငါ့အသိတွေထဲမှာ သင်္ကြန်ရောက်ရင် ရေကစားမဏ္ဍပ်ထောင်လေ့ရှိတဲ့ ဘော်ဒါတွေရှိတယ်ဟ ။ အဲဒီအထဲက […]


မောင် ပေMarch 25, 20131min23914
ဟုတ်တယ် ပေါက်ဖော်ရဲ ့ မင်းနဲ ့ငါ နဲ ့ဟာ စာဖတ်တာ ဝါသနာပါတဲ့ ကောင်တွေ ဘီယာသောက်တဲ့ နေရာ ၊ အဝေရာ ဟောတု တဲ့ နေရာ မှာ အကြိုက်ချင်းတူ ၊ နဲနဲလေးသောက်ပြီးရင် ရင်ထဲခံစားရသမျှတွေ ကို ကေတီဗွီမှာ မိုက်ခဲရင်း ဖွင့်ချနေကြ ကောင်တွေဆိုတော့ ၊ ငါ့ရဲ ့ ရင်တွင်းဖြစ်တွေကို မင်းကိုပဲ ပြောရတော့မှာပေါ့ကွာ ။ ဒီလိုကွ ပေါက်ကြီးရ ပေါက်ကြီး ဆိုလို ့.. ပြောရဦးမယ် ငါ့ရောင်ရေ.. တို ့မန်းလေးသားတွေက တစ်ယောက်နဲ ့တစ်ယောက် ခင်ကြပြီဟေ့ ဆိုရင် ၊ နာမည်တစ်လုံးကိုယူပြီး ကြီးထဲ့ ခေါ်လေ့ရှိကြသကွ ။ ဥမပါ မင်းနာမည် “ပေါက်ဖော်” […]