စေနJanuary 2, 20111min822
လူ့ဘဝ “လိုအပ်ချက်သုံးခု” တရုတ်စာရေးဆရာမ Bing Xin(冰心)က ပြောခဲ့တယ်။ “ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သူ့ဘဝတစ်သက်ဟာ ပန်းတစ်ပွင့်နဲ့တူသင့်တယ်။ ပန်းမှာ အရောင်၊ အနံ့၊ အရသာရှိသလို လူ့ဘဝမှာလည်း အရည်အချင်း၊ ခံစားချက်နဲ့ ပျော်ရွှင်ခြင်းတွေရှိသင့်တယ်။ ဒီသုံးချက်မှာ တစ်ခုခုလျော့နေလို့ မဖြစ်ဘူး” လူ့ဘဝ “ဆေးသုံးလက်” ပါမောက္ခ Hu Shih(胡适) က ဘွဲ့ရကျောင်းသားတွေကို စကားတစ်ခွန်း လက်ဆောင်ပါးခဲ့တယ်။ အဲဒီစကားက လူ့ဘဝမှာ “အမေးဆေး”၊ “ဝါသနာဆေး”နဲ့ “ယုံကြည်မှုဆေး”ဆိုတဲ့ “ဆေးသုံးလက်” ရှိသင့်တယ်ဆိုတာဖြစ်တယ်။ လူ့ဘဝ “ကျောက်ဆောင်သုံးခု” ပြင်သစ်နာမည်ကြီးစာရေးဆရာ (Honoré de Balzac)က လူငယ်တွေကို သတိပေးစကားပြောခဲ့တယ်။ “မိမိကိုယ့်ကိုယ်အထင်ကြီးခြင်း”၊ “စိတ်ကြီးဝင်ခြင်း” နဲ့ “အယုံလွယ်ခြင်း”ဟာ လူ့ဘဝရဲ့ ကျောက်ဆောင်သုံးခုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ လူ့ဘဝ “ဖိုခုံလောက်သုံးချောင်း” ပန်းချီဆရာ […]