Ma MaFebruary 15, 20121min42238
နာဂစ်ဆိုတာ လူ့အသက်ပေါင်းများစွာကို ခြွေဖျက်ယူသွားသလို ဘဝပေါင်းများစွာကိုလည်း ကြေပျက်စေခဲ့ပါတယ်။ ကိုယ်နဲ့ နှစ်ပေါင်များစွာ အလုပ်လုပ်လာခဲ့တဲ့ မိသားစုတစ်စုဆိုရင် ……. နာဂစ်ကြောင် လုပ်ငန်းကိုင်ငန်းတွေရော၊ နေအိမ်ရော၊ မိသားစုဝင်တွေပါ ပျက်စီးဆုံးရှုံးမှုတွေနဲ့ အကြီးအကျယ် ကြုံတွေ့ခဲ့ရပါတယ်။ စီးပွားရေးပြန်လည်ထူထောင်ဖို့အတွက် ငွေရေးကြေးရေးအခက်အခဲရှိလို့ လာပြီးအကူအညီတောင်းတဲ့အခါမှာ …. သူတို့ရဲ့ ယိုင်နဲ့နေတဲ့ လက်ရှိအခြေအနေအရ ငွေချေးငှားပေးဖို့ မသင့်တော်ပေမယ့် …….. နှစ်ပေါင်းများစွာ အစွန်းအထင်းမရှိပဲ မိသားစုတွေလို ရင်းရင်းနှီးနှီး အလုပ်လုပ်လာခဲ့တဲ့သူတွေဖြစ်တာကြောင့် အဲဒီငွေကို ဆုံးရင်လည်း ဆုံးပါစေလို့ သဘောထားပြီး ကူညီတဲ့အနေနဲ့ ချေးငှားပေးလိုက်ပါတယ်။ သူတို့လည်း ငွေရတာနဲ့ စီးပွားရေးကို ပြန်လည်ထူထောင်ဖို့ ကြိုးစားပေမယ့် အားနည်းတဲ့အချိန်မှာ ပြဿနာတွေ၊ ဒုက္ခတွေက နည်းအမျိုးမျိုးနဲ့ ဝင်လာခဲ့ပါတယ်။ ချွေးမဖြစ်သူက ကလေးမမွေးနိုင်ပဲ အသက်ဆုံးပါးသွားရသလို အမေနဲ့လက်ရည်တပြင်တည်း လုပ်ကိုင်စားသောက်နေတဲ့ သားဖြစ်သူကလည်း နာတာရှည်ရောဂါလိုလို […]