water-melonJanuary 30, 20121min25627
သမီး အဖေ အလုပ်မှာ ဟိုတစ်လောက ကျွန်တော့်သူငယ်ချင်းတွေနဲ့ ထမင်းစားနေတုန်း ဘေးဘီကို အကဲခတ်ကြည့်တော့ အသက် ၅ဝ ကျော် လူကြီးတစ်ယောက်နဲ့ ခပ်ငယ်ငယ်ကောင်မလေး တစ်ယောက်ဗျ။ ကောင်မလေးက ခပ်ချောချောလေးပေါ့။ ကျွန်တော်က အဲဒီလူကြီး သမီးထင်နေတာ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဆက်ဆံရေးက အဖေနဲ့သမီးဆက်ဆံရေးထက်ပိုနေတယ်။ ဒါနဲ့ ကျွန်တော်သိလိုက်ပြီ အငယ်နေမှာ။ ကောင်မလေးနှယ် ကိုယ့် အဖေအရွယ်ကြီးကို ဘာလို့များ ကြိုက်ရတာလဲ။ အဓိက ကငွေပေါ့ဗျ။ ထားပါတော့ ဒီခေတ်ကြီးထဲမှာ ငွေမက်တာမဆန်းတော့ပါဘူး။ ဒါနဲ့ ကျွန်တော်တို့လည်း ထမင်းစားကြတာပေါ့။ အဲဒီအချိန် ဟိုလူကြီးဖုန်းက ထမြည်တယ်။ ကျွန်တော်လည်း နားစွင့်နေတာပေါ့။ ကျွန်တော် အဲဒီလူကြီး ပြောတဲ့စကားကို ကြားပြီးတော့ အရမ်းရယ်ချင်တာဗျ။ စာဖတ်သူတွေလဲ ကျွန်တော်နေရာမှဆို တော်တော်ရယ်မှာဘဲ။ ကျွန်တော်ကြားလိုက်တဲ့ အသံက “ အော် […]