kyawhan21June 1, 20111min27017
မောင်ရင်ကောင်းမြတ်ရေ မောင်ရင်ကိုအဘ အနေနဲ့ ပုဂ္ဂရေးမဟုတ်တဲ့ အများအကျိုးအတွက် မောင်ရင်မရခဲ့တဲ့ သတင်းရင်းမြစ်များရဲ့ သတင်းမှန်များကို ပြောပြမယ်နှော်၊ ပထမဦးစွာ မောင်ရင်ဟာဘယ်သူ သတင်းသမားဟုတ်မဟုတ် အဘပိုင်းခြားပြပါမယ်ဒုတိယ ထွန်းသန့်ကျော်ရဲ့ဇစ်မြစ်နောက်ကွယ်က ပေါ်ပေါက်လာတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု တတိယ အကျင့်ပျက်ဝန်ထမ်းများရဲ့အုပ်ချုပ်မှုနဲ့တရားစီရင်မှုများကို တင်ပြသွားမှာပါ။ ကျွန်တော်ကျော်ဟန်ပါ mgzမှာ သတင်းဟာကျယ်ကျယ်ပြန့်ြ့ပန့်ပါဝင်ခဲ့ပေမယ့် တကယ်သတင်းကျောရိုးနဲ့kpဖွဲ့ရဲ့လူ့အခွင့်ရေးချိုးဖေါက်မှုပြစ်မှုကြီးကတော့ ပျောက်ကွယ်နေခဲ့ပါတယ်၊ မောင်ရင်ကောင်းမြတ်ရေ က ဖ နဲ့ ကောင်းမြတ်(2.5)နာမည်ကျော်ဗေဒင်ဆရာမှားနဲ့တိုင်ပင်ပြီး ကဖဆိုတဲ့အမည်ဆိုးကို ကက်ကင်းရိုက်ခြေဖျက်ထားသလားလို့တောင်ထင်မိတယ်၊မေင်ရင်ဟ ကဇမဟုတ်ရင်တော့ အဘဆက်ပြောမယ်နှော်။ မောင်ရင်ဟာသတင်းသမားမဟုတ်ပါဘူး။မောင်ရင်ရေးခဲ့တဲ့mgz(may.1.2011)မှာ”ဘာမှမသိတဲ့အစ္စလာမ်လူမျိုးတွေ” ဆိုပြီးရေးထားတာတွေ့တယ်၊မောင်ရင်သင်ဘူးတဲ့သမိုင်းစာပေထဲမှာအစ္စလာမ်လူမျိုးလို့မောင်ရင်တွေ့ဘူးသလားဟုတ်မယ်ထင်တယ်ရခိုင်ပြည်နယ်မှာတော့အစ္စလာမ်ဘာသာကိုးကွယ်ရင် ဘယ်လူမျိုးဘဲဖြစ်ပါစေသံသယလူမျိုးဆိုပြီးခရိးသွားလာခွင့်တွေပိတ်ထားတယ်မောင်ရင်၊ မောင်ရင်ကိုယ်တိုင် အစ္စလာမ်လို့ဝန်ခံထားပြီး “ကျွန်တော်တို့လူမျိုးကိုသွေးခွဲတယ်”ဆိုပြီးမောင်ရင်postထဲ မှာရေးထားတယ် အဘမေးမယ် လူမျိုး(nation)နဲ့ ဘာသာ(religion)ခွဲခြားမသိတဲ့သူကဘယ်လိုလုပ်ပြီးသတင်းထောက်ဖြစ်သွားရတာလဲ၊ နောက်တစ်ခုကငပလီကိုရောက်တဲ့အခါလဝကမှာအဝင်အထွက် တံဆိပ်တုံးရိုက်ပြီးငွေကြေးလေးမပူဇော်ခဲ့ရဘူးလား၊အခြားအစ္စလာမ်တွေကတော့ပေးရတယ်မောင်ရင်။ မောင်ရင်သတင်းရေးတော့မယ်ဆိုရင် စာဖတ်ပရိတ်သတ်ဖြစ်တဲ့ပြည်သူတွေကိုမေ့မထားသင့်ဘူးသတင်းသမားဟာ ဘယ်သူတွေအတွက်သတင်းရေးလဲဆိုတာကောင်းကောင်းသဘောပေါက်ဘို့လိုတယ်၊ မောင်ရင်ရဲ့ သတင်းရင်းမြစ်(source)ဟာတကယ်ပြည်သူထဲကမဟုတ်ဘူးပြည်သူ့ချဉ်ဖတ်ဖြစ်နေတယ်။ သတင်းသမားဆိုတာ အခြားတစ်ယောက်ရဲ့ ကိုယ်ကျိုးအသုံးချတာ မခံရဘူး ။ […]