လုံးဝမှားနေပြီ  ပြင်ဆင်ဖို ့အချိန်လေးရှိနေပါသေးတယ် အချိန်လေးပေးနိုင်ပါသေးတယ် တစ်ကယ်ပါ ကိုယ်မညာပါဘူး ဝိုင်းဝန်းပြောပေးကြပါဦးလား သူ ့ကိုယ်သူ အမှန်တရားတဲ့ အမှန်ကမှားနေတယ်ပြောရင်လက္ခံနိုင်ကြပါမည်လား ဖြစ်ပုံကဒီလိုလေ တစ်နေ ့မှာပေါ့ ရခဲ့တဲ့ကြည့်မှန်တစ်ချပ် အလကားရခဲ့တယ်တော့မထင်လေကြနဲ ့ ဆန်ငါးပြည်ပေးခဲ့ရတာဂလား ရှိတာလေးပေးပြီးမှ ရခဲ့တဲ့ကြည့်မှန် ကြည့်လိုက်ရင်အမှန်ကန်ဖြစ်ရမယ်ဆိုဘဲ တော်တော်ဆိုးတဲ့ကြည့်မှန် အသုံးမကျတဲ့ကြည့်မှန် အလိုက်ကန်းဆိုးလုံးဝမရှိတဲ့ကြည့်မှန် ယဉ်ကျေးမှု ့ကင်းမဲ့တဲ့ကြည့်မှန် စာပေမတတ်တဲ့ကြည့်မှန် သိပ္ပံမတတ်တဲ့ကြည့်မှန် သင်္ချာမတတ်တဲ့ကြည့်မှန် နိယာမ မသိတဲ့ကြည့်မှန် အမှန်ကို တင်ပြနိုင်စွမ်းလုံးဝမရှိတဲ့ကြည့်မှန် ရှင်းရှင်းပြောမယ် လုံးဝမမှန်တဲ့ကြည့်မှန် ကြည့်မှန်ရှေ ့မှာ မတ်မတ်ရပ်နေတာက ကျွန်ုပ်လေ ကျွန်ုပ်က ကျွန်ုပ်မဟုတ်ဘူးဖြစ်နေလေရဲ ့ ကြားလို ့မှ ကောင်းကြသေးရဲ ့လား ဒီလောက်ချောတဲ့လူကို ရုပ်ဆိုးခြင်တိုင်းဆိုးပြနေတဲ့ကြည့်မှန်အစုတ်ပလုတ်