winkyawaungDecember 25, 20111min1199
`လွတ်ထွက်သွားခြင်း´ *ဘဝ+ပတ်ဝန်းကျင်=…လို့ ဆိုရတော့မှာလား အမေ..။ *အဖေနဲ့ အမေ သားကို မွေးဖွားပေးခဲ့တဲ့ သားရဲ့ ချက်မြုပ်ထားရာ ဇာတိကို တကယ် လာကြည့်ချင်နေတာပါ။ *အမေနဲ့ရွာကို သားမောင်လွမ်းလို့ တမ်းတမိတယ် အမေရယ်…ဆိုတဲ့ ဟင်္သာတ ကိုထွန်းရင်သီချင်းသံကြားလေတိုင်း သားငိုခဲ့ရပါတယ် အမေ..။ *ဒါမေမယ့် သားအတွက် ရောဂါ ဒုက္ခ ပြောရမှာတော့.. နားနဲ့မနာ ဖဝါးနဲ့နာပေးပါအမေရယ်.. သားကိုခွင့်လွတ်ပါလို့.. အကြိမ်ကြိမ်အခါခါ တောင်းပန်လိုက်ပါရစေ..။ *ယခုတော့ သားဘဝမှာလေ ဗိုလ်ထိုင်အိမ်သာ မရှိရင်မဖြစ်တော့လို့ အမေတို့ရွာနဲ့ ထာဝရ ဝေးကွာခဲ့ပါပြီ အမေရယ်….။ ။