manawphyulayJuly 15, 20101min13311
ကျွန်မရဲ့ ဘဝတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံဘူးတဲ့ တွေ့ကြုံမှုတစ်ခုကို တွေ့ကြုံခဲ့ပါတယ်။ ဒါဟာ ဘာလဲဆိုတော့ ဗုဒ္ဓဘာသာမှာတော့ တစ်ခါဖူးမှ မကြားဖူးပါဘူး။ တရုတ်အခေါ်ဆိုရင်တော့ တစ္ဆေကြီးပွဲ ပုံစံမျိုးပေါ့။ တူ မတူတော့ မသိပါဘူး။ နှစ်စဉ် ကျင်းပခြင်းလည်း မရှိခဲ့ပါဘူး။ ပြောရရင် ‘ဒီလို အလှူဒါနမျိုးကို ခုမှသာ မြင်ရကြုံရခဲ့ ရခြင်း ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားအသင်းမှာ တစ်ပတ်တစ်ခါဆိုသလို တံမြက်စည်းလှဲ၊ သန့်ရှင်းရေးလုပ်၊ ဘုရားပန်းလဲ ဆိုသလို သွားရောက်ကုသိုလ်လုပ်ဖြစ်ခဲ ့ပါတယ်။ ထူးထူး ခြားခြား ပြီးခဲ့တဲ့နှစ် လွတ်လပ်ရေးနေ့မှာ ရွှေတိဂုံဘုရားသန့်ရှင်းရေး အသင်းက ကြီးမှူးပြီး မကျွတ်မလွတ် သေးတဲ့ နာနာဘာဝတွေကို အစာသွားကျွေးမယ်လို့ ပြောပါတယ်။ မနောလည်း တစ်ခါမှ မကြားဖူး၊ မမြင်ဖူးလို့ သွားကြည့်ချင်တာလည်းပါတယ်လေ။ ‘ဒါကြောင့် လိုက်သွား ခဲ့ပါတယ်။ […]