manawphyulayDecember 16, 20101min12511
သင်ယူထားတဲ့အသိတရားက လူကိုဘောင်ပြန်ခတ်တယ်….. စုဆောင်းထားတဲ့ ချစ်ခြင်းတရားက ရင်ဘတ်ကို ပြန်ဖောက်ခွဲတယ်….. ကော်ပီကူးချထားသမျှ ဗိုင်းရပ်တွေဖြစ်နေတော့ ဟတ်ဒစ်ကိုပိုးထိတာ မဆန်းပါဘူး…… ကဗျာဆရာတွေပြောပြောနေတဲ့ လွတ်လပ်မှုမျိုးကိုရချင်တယ်ဆိုရင် သိတတ်တဲ့ မင်းအသိတရားတွေကို ူမြို့ပြစွန့်ပစ် ရေဆိုးမြောင်းထဲသွန်ပစ်လိုက်ပါ…… ငါ်ပြောသားပဲ “သိတတ်လေလေ လွတ်လပ်မှု ဆုံးရှုံးလေလေ”ဆိုတာကိုပေါ့။ ရှာရာဗိုဗာရေ… အဲဒီ ရှေးဟောင်းတင်းနစ်ဘောလုံးကြီးကို ခပ်ဝေးဝေးရောက်အောင် ရိုက်ထုတ်ပစ်လိုက်စမ်းပါ ငါ အေးအေးဆေးဆေး အိပ်စက်ပါရစေ…။