kaiNovember 23, 20101min830
လွတ်မြောက်နေတဲ့ မြို့ဆီမှာ “ဒီမြို့ကို မင်းတို့သိမ်းပိုက်ကျူးကျော်လို့ ရနိုင်ပါတယ် ဒါပေမဲ့ ငါတို့ရဲ့ ဝိညာဉ်တွေကိုတော့ အနိုင်ကျင့်လို့ရမယ်မထင်ဘူး မတရားမှုကို ဆန့်ကျင်ခဲ့တဲ့ ငါတို့မြို့သူမြို့သားတွေရဲ့အကြောင်း သမိုင်းရဲ့နှုတ်ခမ်းလွှာတွေပေါ်မှာ အဆက်မပြတ်စီးဆင်းနေကြပါစေသား” ကျနော့မြို့လေးဆီကို အကြိမ်ကြိမ်ပြန်ရောက်ခဲ့တယ်။ ၁၉၈ဝ တုံးက ကျနော်တို့နဲ့အတူနာနာကျင်ကျင်ခံစားခဲ့ရတဲ့သူတွေရဲ့မိသားစုတွေ ဘယ်လိုနေကြသလဲ။ မြို့လေးကရော ဘယ်လိုပြောင်းလဲခဲ့သလဲ။ ကျနော်တို့ စီးနေကျ ဘတ်စ်ကား ပြေးလမ်းတလျှောက်  မီးလောင်နေတဲ့ အဆောက်အဦတွေကြားမှာ စူးစူးရဲရဲအော်ဟစ်နေတဲ့ ပြည်သူတွေ၊ အသံလွှင့်ရုံဆီကနေ ဒေါသတကြီး ခြိမ်းခြောက်နေတဲ့ လူသတ်သမား ချန်ဒူးဝမ် ရဲ့ လူမိုက်ဆန်ဆန်ပုံရိပ်တွေ၊ ဘုရားရေ- ကျနော့သူငယ်ချင်းရဲ့အိမ်ရှေ့မှာ တွဲလွဲချိတ်ဆွဲယိမ်းထိုးနေတဲ့ အရာတခုအောက်ဆီ လူတွေစုရုံးနေကြပါလား။ ကျနော်တွေးထင်ထားသလိုမျိုး မဖြစ်ပါစေနဲ့ လို့ ဆုတောင်းရင်း ကျနော့ခြေလှမ်းတွေကို တချက်ခြင်းအရှိန်မြင့်လိုက်တယ်။ (က) ၁၈၇၉ မှာ ပတ်ချုံဟီး လုပ်ကြံခံလိုက်ရတော့၊ လူသတ်မှုကို ဦးဆောင်စစ်ဆေးမဲ့သူက […]