ပြီးခဲ့တဲ့ နှစ်နှောင်း က ရွာထဲဝင်တစ်ချက်၊ မဝင် တစ်ချက် နဲ့ နောက်ပိုင်း ရွာ့ကာလသားကြီး ကို ကျောက် တစ်ယောက် ရွာသူလေးနှင်း နဲ့ တူနှစ်ကိုယ်လက်တွဲ ရော အရီးခင် တစ်ယောက် အသဲကွဲပြီး ရွာထဲက ပျောက်ရော မထင်လိုက်ကြပါနဲ့။ တကယ်တော့ သူရို့ သားဦး/သမီးဦး လေးရမှ ပြန်ဝင်လာ မလားလို့ ပါ။ နောက်တာပါ။ အမှန်ကတော့ အရီး ပျောက်နေခြင်းအကြောင်းက  ကလေးကျောင်းကြီး  ပြောင်းတော့ သွားရတဲ့ ကျောင်းက  မြို့ဟိုဘက် ဒီဘက် ခရီး ဝေးလွန်းသမို့ အိမ်ပြောင်းရပါတယ်။ ဝေးတာထက် ဖြတ်ရတာ မြို့လည်ကားကျပ်တာမှ တစ်ခါကဆို လမ်းပိတ်ပြီး ကားထဲမှာ ၂နာရီကြာပါတယ်။ ဒါနဲ့ ကျောင်းနားကို ပြောင်းရတာပါ။ ခရစ်စမတ်မတိုင်ခင် ပြောင်းပါတယ်။ ပြောင်းတဲ့ […]


CharTooLanJune 20, 20131min23018
ပြောင်းလဲသွားတဲ့ အခြေအနေတစ်ခုမှာ ရုတ်တရက် သူတို့ကိုကျောခိုင်းခဲ့လိုက်တယ်။ အတူတူ သွားခဲ့ဖူးတာတွေ အတူတူ စားခဲ့ဖူးတာတွေ အတူတူ ဆိုခဲ့ဖူးတာတွေ အတူတူ ဆဲခဲ့ဖူးတာတွေ အတူတူလှုပ်ရှား အတူတူသွားပြီး အကြိမ်ကြိမ်သာဓု ခေါ်ဆိုခဲ့ကြတာတွေက တွေးလိုက်တိုင်း မျက်နှာပေါ်အပြုံးရောက်လာတဲ့ အရောင်တောက်တောက် အမှတ်တရတွေပါ။ နားလည်ပေးနိုင်တဲ့ အတိုင်းအတာတခုထက် ပိုပြီးခွင့်လွှတ်ပေးခဲ့ကြတဲ့ သူတို့က………. ကြိုက်တဲ့အချိန်ပြန်လာ နွေးထွေးစွာကြိုဆိုလျှက်ပါတဲ့။ ဝမ်းနဲစရာမကောင်းတဲ့ အဲ့ဒီစကား………. ကြားလိုက်တော့ မျက်ရည်ဝဲသွားတယ်။ အခုချိန်ဆို…….. သူတို့တွေ ပျော်နေကြတယ် သူတို့တွေ ရယ်နေကြတယ် သူတို့တွေ ပြောနေကြတယ် သူတို့တွေ ဆိုနေဆဲနေကြတယ် ခုချိန်ဆိုသူတို့တွေ လှုပ်ရှား သူတို့တွေသွားကြပြီး သာဓုတွေခေါ်နေကြတော့မယ်……….. ပြောင်းလဲသွားတဲ့ အခြေအနေတစ်ခုမှာ နာမည်တစ်ခုနဲ့ဘဝတစ်စိတ် သေသွားခဲ့တယ်။ ============================= တစ်ဦးတိုင်း တစ်ယောက်စီက တစ်ယောက်တိုင်း တစ်ဦးစီအတွက်နဲ့ အားလုံးအတွက် အပြည့်အဝနားလည်ပေးတတ်တဲ့ သူငယ်ချင်းများသို့…………….. […]


ချိုပေါ့ကျ လွမ်းချင်း ­အခုအချိန်မှာ မိုးအေးအေးနဲ. လွမ်းနေတာကတော့ ချိုပေါ့ကျဆိုတဲ့ပို.စ်လေးပါပဲ……. အဲလိုပြောလို. မင်းက ချိုပေါ့ကျကို အကုန်အစင်ဖတ်ပြီး ကောမန်.တွေ ဘယ်လောက်ပေးဘူးလဲမေးရင် ပေးဘူးပါဘူးခင်ဗျ ဒါပေမယ့် ချိုပေါ့ကျကို စွဲစွဲမြဲမြဲဖတ်ခဲ့ပါတယ်….. တကယ်လဲကောင်းတဲ့ပို.စ်လေးပါ… ကျွန်တော် ဒီ ဂေဇတ်ကို စဝင်ကတည်းက တွေ.မြင်နေရတဲ့ ပို.စ်တွေပါပဲ.. ရာသီတွေ ဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့ ပို.စ်တွေ.ရှိနေပါတယ်… ဥပမာ… ဦးဘလက်ရဲ… ချိုပေါ့ကျ တို. လေးပေါက်ရဲ… စနက်ရှော့မဟုတ်တဲ့လက်ဆော့ တို.            အန်တီပဒုမ္မာရဲ… ပဒုမ္မာရဲ.ပုံပမာ တို.            ………………. အများအများကြီးပေါ့ဗျာ.. ကျွန်တော် ဖတ်ခဲ့ရတဲ့ ပို.စ်တွေ ကောမန်.တွေ များလှပါပြီ…….. အခုလိုစိတ်ထဲဆွဲနေတဲ့ ပို.စ်တွေကို တစုံတစ်ခုသောအကြောင်းကြောင့် မမြင်ရမတွေ.ရရင် မနေတတ်မထိုင်တတ်ဖြစ်နေတယ်ဗျာ………….. အခုလဲ ချိုပေါ့ကျ လေး တော်တော်ဝေးနေပြန်ပါပေါ့လားဗျာ…. […]