ရွှေ ကြည်February 9, 20131min25927
  မိဘအိမ်လောက်မနွေးထွေးပေမယ့် အေးစက်စက်မဟုတ်ခဲ့တဲ့ နွေးထွေးပျော်ရွှင်ခဲ့ရတဲ့နေရာ။ ကိုယ့်အိမ်ကိုယ့်ယာမဟုတ်ပေမယ့် လွတ်လပ်ပျော်ရွှင်ခဲ့တဲ့ ရင်းနှီးစွာလုံခြုံခဲ့တဲ့နေရာ။ မိသားစုလိုသွေးမနှောပေမယ့် ဘေးလူလို့ပြောမရခဲ့တဲ့ တွယ်တာရသူတွေနေခဲ့တဲ့နေရာ။ ရင်နှင့်ရင်းတဲ့ခံစားချက်တို့ဖွင့်ဟတိုင်ပင်လို့ သောကတွေအပျော်တွေဝေမျှဖူးတဲ့နေရာ။ မျှော်နေပေးပါ ကြိုနေပေးပါ အရင်လိုပဲနွေးထွေးပေးပါ ငါတခေါက်မကပြန်လာခဲ့မယ် သူငယ်ချင်းတို့ရယ်။   (ရန်ကုန်အခန်းကသူငယ်ချင်းများစွာကိုလွမ်းလို့ရေးမိတာပါ) ကျေးဇူးအထူးတင်ပါတယ်ရှင့်။