ဒီနေ့တော့ ဟင်းချိုတစ်မျိုးနဲ့လက်ဆောင်ပါးလိုက်ပါတယ်…အလုပ်အားလပ်ရက်လည်းဖြစ်တော့ အချိန်လည်းရလို့ရေးဖြစ်တာပါ…. ပါဝင့်သည့်ပစ္စည်းများ။      ။ပုဇွန်ကြား၊ကင်းမွန်(ပြည်ကြီးငါး)၊ငါးအသားလွှာ၊ငါးဖယ်လုံး။ ဆလပ်ရွက်၊မုန့်လာဥနီ၊ပဲပြားစိမ်း၊ကြက်သွန်မြိတ်၊ပန်းဂေါ်ဖီပွင့်၊မှိုဖြူ၊ပင်လယ်ရေညှိ စသည်တို့ပါဝင်ပါသည်။ ချက်ပြုတ်ပုံ။        ။ပုဇွန်ကြားကို ခါးလယ်မှခွဲပြီး၊ချေးထုတ်ပါ။နှတ်ခမ်းမွှေးများကို ကျပ်ကြေးဖြင့်ညှပ်ပစ်ပါ။ကင်းမွန်ကို အကွင်း(သို့)မိမိနှစ်သစ်သလိုလှီးပါ၊ငါးအသားလွှာကို ပါးပါးလှီးပြီး။ဆား၊အချိုမှုန့်၊ငရုတ်ကောင်းဖြူ၊နှမ်းဆီမွှေးတို့ဖြင့်အနည်းငယ်နယ်ထားပါ။ငါးဖယ်လုံးက ရယ်ဒီမိတ်အထုတ်တွေသုံးလည်းရပါတယ်။ကိုယ့်ပါသာကိုယ် ငါးကိုခြစ်ပြီးလုံးရင်လည်းပိုကောင်းတာပေါ့နော်…။ ဆလပ်ရွက်သန့်သန့်ကိုရေစင်စင်ဆေးပါ၊မုန့်လာဥနီကို အကွင်းလေးလှီးထား၊ပဲပြားစီမ်းကို၊လေးထောင့်အတုံးလေးတုံး မိမိနှစ်သက်သလိုတုံးပါ။ကြက်သွန်မြိတ်ကို လက်နှစ်သစ်အရွယ်လှီးဖြစ်ထားပါ။ပင်လယ်ရေညှိအနည်းငယ်ကိုတော့ ရေစိမ်ထားလိုက်ပါ။ အားလုံးအစဉ်သင့်ဖြစ်ပြီဆိုရင်…မီးဖိုပေါ်မှာ ဟင်းချိုပုဂံလုံးတစ်စာကျော်ကျော်လောက်ရေထည့်ပါ၊ဂျင်းအပြားလေးတစ်ပြားလောက်ထဲ့၊ရေဆူလာလျှင် ပုဇွန်၊ငါး၊ကင်းမွန်၊ငါးဖယ်လုံးထည့်ပါ။ပြီးလျှင် ပဲငံပြာရည်က လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ထည့်၊ခရုဆီကနည်းနည်းထည့်၊ဆားနည်းနည်း။အချိုမှုန်ုနည်းနည်းထည့် အရသာအနေတော်ဆိုရင် ပဲပြား၊မုန်လာဥနီ။ပန်းပွင့်စတာတွေကိုထည့်ပါ၊ဟင်းအချိုအရသာအားလုံးအစဉ်ပြေပြီဆိုရင်… ပုဂံလုံးထဲမှာ ဆလပ်ရွက်ကိုခင်းလိုက်ပါ။ထို့နောက် ဟင်းရည်ကိုဖြည်းဖြည်းချင်းလောင်းထည့်၊ပြီးတော့မှ ပင်လယ်ရေညှိကိုထည့်ပါ။ဒါဆိုရင် ကိုယ်တိုင်ချက်တဲ့ ပင်လယ်စာဟင်းချိုတစ်ခွက်ရပြီပေါ့… ကဲ…စမ်းသပ်လိုက်ကြအုံး…ရွာသူားတို့ရေ…


ကျနော်ဂေဇက်မှာ မန်ဘာအဖြစ်ရှိနေခဲ့တာ (၁)နှစ်ကျော်ပါပြီ၊ဒီဂေဇက်ကရရှိတဲ့ အတွေးအခေါ်လေးတွေ၊ပြင်ပဗဟုသုတတွေ၊အစားအသောက်နဲ့ပက်သက်တာတွေ၊စာပေအတွေ့အကြုံ၊နိုင်ငံရေးဗဟုသုတ စသည်တို့အပြင်အခုနောက်ပိုင်းမှာတော့ပိုမိုစုံလင်စွာနဲ့ ဓါတ်ပုံ ပညာတွေပါလေ့လာခွင့်သိခွင့်ရ၍တော်တော်လေးကိုအကျိုးရှိစေပါတယ်၊ဒီတော့ကျနော့်လည်း ဂေဇက်မှယူတာတွေများနေပြီဆိုတော့ မိမိတတ်နိုင်သည့်ဘက်ကပြန်ပေးနိုင်စရာဆိုလို့ မိမိတတ်ကျွမ်းသည့် အချက်အပြုတ်ပညာလေးတွေကို ဗဟုသုတရစေလိုသောဆန္ဒဖြင့်ပြန်လည်ကျေးဇူးဆပ်ခြင်းလည်းဖြစ်ပါတယ်…ပထမဦးဆုံးအနေနဲ့ ဒဒီဂေဇက်ကရရှိခဲ့တဲ့ ဟင်းတစ်မျိုးနဲ့စပါ့မယ်…ဒီဟင်းကတော့ မဝေရဲ့ မန်ချူးဆော့စ်ကြက်သားဟင်းပါပဲ…အဲဒီဟင်းကို ကျနော်က ထမင်းကြော်တစ်မျိုးနဲ့တွဲပြီး(U.S.A Fried Rice)ဆိုပြီး မီနှုးထဲမှာထည့်လိုက်ပါတယ်…U.Sမှာ တစ်ကယ်ရှိချင်မှရှိမှာပါ… ပြင်ဆင်ပုံ…ကြက်သားရင်အုံသားကို ပါးပါးလှီးပါ၊ပြီးလျှင် ခရုဆီအနည်းငယ်၊ပဲငံပြည်အနည်းငယ်၊ဆား၊အချိုမှုန့်၊ငရုတ်ကောင်းအဖြူ၊နှမ်းဆီအနည်းငယ်၊ကြက်ဥအနှစ်အနည်း ထည့်ပြီးကြက်သားကိုနယ်ထားပါ၊(တစ်ယောက်စာဆို တစ်သားခန့်၊ဆယ့်ငါးကျပ်သားလောကဆိုရင်ရပါတယ်)။နယ်ပြီးအနည်းဆုံး(၁၅)မိနစ်လောက်ထားပါ၊ ဒါမှအသားထဲကို အချိုအငံတွေအရသာတွေဝင်မှာပါ၊ပြီးလျှင် နယ်ထားသောကြက်သားများကို ကော်မှုန့်နှင့်နယ်ပါ၊ခြောက်သွေ့အောင်နယ်ပါ၊ဆီအိုးပူအောင်တည်ထားပါဆီပူလာ လျှင် ကြက်သားများကို ထည့်ကြော်ပါ၊ကြော်သည့်အခါတွင်လည်း အသားများလုံးမသွားအောင်သတိထားပါအသားများ ရွှေအိုရောင်သန်းပြီဆိုလျှင် ဆယ်ပြီးဆီစစ်ထားပါ၊ ထမင်းကြော်ရန်အတွက်…ပဲသီးစိမ်းအနည်းငယ်ကိုလှီးထားပါ၊မုန်လာဥနီအနည်းငယ်ကိုလည်းအတုံးလေးတွေတုံးထားပါ၊ ထမင်းကိုလည်းတစ်ယောက်စာအနေတော်ထည့်ပြီး၊ဆားအချိုမှုန့်၊ငရုတ်ကောင်းအဖြူ၊ခရမ်းချဉ်သီးဆောစ့်အနည်းငယ်၊ငရုတ်ဆီဆောစ့်အနည်းပါထည့်ပါ။ ဒယ်အိုးထဲဆီပူလာလျှင် ကြက်ဥအနည်းငယ်ထည့်ပါ၊ပြီးလျှင် ထမင်းများထည့်၍ကြော်ပါ၊အရသာကို ကြော်နေရင်းမိမိနှစ်သက်သလို အပေါ့အငံထပ်ထည့်ပါ။ ဆောစ့်ချက်ရန်…အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး၊ဆီပူလာလျှင် ခရုဆီအနည်းငယ်ထည့်ပါ၊ငရုတ်ဆီ(Chilli Sauce)အနည်းငယ်ထည့်ပါ၊ပဲငံပြာရည်(အကြည်ရည်)ထည့်ပါ၊ဆားအနည်းငယ်၊သကြားအနည်းငယ်ထည့်ပါ၊ အရသာကိုမြည်းကြည့်ပါပြီးလျှင်၊ကော်မှုန့်ကိုရေအနည်းငယ်ဖြင့်ဖျော်ပြီး၊ကော်ရည်နည်းနည်းထည့်ပါ၊ဆောစ့်ရပြီဆိုလျှင် ကြော်ထားသောကြက်သားများကိုထည့်ပြီးပုံ့မှာပြင်ထားသည့်အတိုင်းပြင်ဆင်၍စားသုံးနိုင်ပါသည်။


                                                   White TomYam (or) Clear TomYam whit Seafood   ပါဝင်သည့်ပစ္စည်းများ။       ။ပုဇွန်၊ပြည်ကြီးငါး၊ငါးအသားလွှာ၊ငါးဖယ်ပြား၊စပါးလင်၊ရှောက်ရွက်၊ငရုတ်သီးစိမ်း၊နံနံပင်၊ကောက်ရိုးမှို၊ပန်းဂေါ်ဖီ၊မုံလာဥနီ၊နာနတ်သီး၊ပဒဲဂေါ(ဂျင်းအရင့်တမျိုး)၊ရေ၊ငါးငံပြာရည်၊ဆား၊သကြား၊သံပုရာရည်။ ချက်ပြုတ်ပုံအဆင်ုဆင့်။   ။ ပုဇွန်အစိမ်းကို အခွံခွါထားပါ၊ပြည်ကြီးငါးကို အနေတော်လေးတွေလှီးထားပါ၊ငါးကိုအသားကြီးပဲလွှာပီးပါးပါးလှီးပါ။ငါးဖယ်ကကြော်ပီးသား ရယ်ဒီမိတ်လည်းရပါတယ်၊ပါးပါးလှီးထားပါ၊စပါးလင်ကို လက်နှစ်သစ်အရွယ်လောက်ဖြတ်ပါ၊ရှောက်နှစ်ရွက်သုံးရွက်ကိုရေဆေးထာပါ၊ငရုတ်သီးစိမ်းခြောက်တောင့်လောက်ကို ပါးပါးလှီးလိုက်ပါ၊နံနံပင်အနည်းငယ်ကို နုတ်နုတ်စင်းထားပါ၊သံပုရာရည်ကို ထမင်းစားဇွန်းတစ်ဇွန်းခန့်ရအောင် အရည်ညစ်ထားပါ။ အဆင်သင့်ဖြစ်လျှင် ဟင်းချိုပုဂံလုံးတစ်လုံးစာခန့်ရေကို အိုးထဲ့ထည့်၍မီးဖွင့်ထားပါ၊ဆူလာလျှင် မီးလျှော့ထားပီး အသင့်ပြင်ထားသောပုဇွန်အစိမ်း၊ ပြည်ကြီးငါးအစိမ်း စသည်တို့ကိုထည့်ပါ။စပါးလင်လက်နှစ်အရွယ်ခန့်နှစ်ချောင်းကို ဓါးပြားရိုက်ပီးထည့်ပါ၊ပဒဲဂေါ တစ်ပြားလောက်လှီးပီးထည့်ပါ၊ရှောက်ရွက်ထည့်ပါ၊ငရုတ်သီးစိမ်း၊နံနံပင်ငားလုံးထည့်ပါ၊ဆားအနည်းငယ်၊သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ငါးငံပြာရည်၊ လက်ရည်ဇွန်းနှင့်တစ်ဇွန်း၊သံပုရာရည့်ပါ။အပေါ့အငံ ကမိမိနှစ်သက်သလိုထည့်၍သုံးဆောင်နှိင်ပါသည်။ချဉ်စပ်ကလေးဖြစ်၍ မြန်မာလူမျိုးလည်းနှစ်သက်ပါသည်။ရခိုင် မုန့်တီနှင့်လည်းအရသာစင်ပါသည်။ ခေါက်ဆွဲ၊ကြာဇံများနှင့်လည်း သုံးဆောင်နိုင်ပါသည်။