ဒီနေ့အချိန်ရတာနဲ့စာရေးဖြစ်ပါတယ်…ဖက်တာတွေများနေတော့လည်းပြန်ပေးရတာပေါ့နော်… အမှန်တော့ကျနော်ကစာဖတ်တာပဲဝါသနာပါတာပါ..ရေးရမှာ အင်မတန်ပျင်းပါတယ်…ဒီဆိုဒ်ရောက်မှ ပိုးဝင်သွားတယ်ဆိုရင်လည်းမမှားပါဘူး…သက်တူရွယ်တူတွေလည်းများတယ်၊လူငယ်တွေကအစ တတ်တတ်ကြွကြွရေးကြ၊ပြောကြဆိုကြဆိုတော့ တကယ့်ကို မိသားစုဆိုဒ်လေးပါပဲ…ပျော်စရာလည်းကောင်း စိတ်လည်းအပန်းပြေစေပါတယ်….နောက်ပြီးဒီဆိုဒ်မှာဝင်ရောက်ဖတ်ရှုနေသူတွေက ပြည်ပမှာလည်းအများအပြြး ရှိနေပါတယ်…ဒါကြောင့်ကိုယ့်လိုပဲ မအားတဲ့ကြားကဗဟုသုတအတွက်အပြန်အလှန်ဆွေးနွေးကြ၊တင်ပြကြနဲ့အလွန်နှစ်သက်စရာကောင်းလှပါတယ်။ ကဲ..ဒီနေ့တော့ အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန်ချက်စားလို့ရမယ့်ဟင်းတစ်မျိုးကို လက်ဆောင်ပေးချင်ပါတယ်…။ ပြင်ဆင်ပုံ။         ။အမဲသားကိုခပ်ပါးပါးလှီးပါ၊ပြီးလျှင် ဆား၊ဟင်းချိုမှုန့်၊ငရုတ်ကောင်း၊စပါးလင်ကိုပါးပါးလှီးထည့်ပါ(အနည်းငယ်)၊ထို့အတူဂျင်းအနည်းငယ်ကိုလည်းဓါးပြားရိုက်နုတ်နုတ်စင်းပြီးထည့်ပါ။ ရှာလကာရည်အနည်းငယ်ထည့်ပါ၊ခရုဆီအနည်းငယ်ထည့်ပါ။ပြီးလျှင် ၁၅မိနစ်လောက်နှပ်ထာပါးပါ။ ပေါင်းဖူးငယ်လေးများ၊ငရုတ်ပွနီ၊ပဲသီးစိမ်းတောင့်တို့ကို လက်နှစ်သစ်လောက်စီဖြတ်ထားပါ၊ကြက်သွန်နီပါးပါးလှီး၊ခရမ်းချဉ်သီးတစ်ခြမ်းလောက်ကိုလည်းပါးပါးလှီးထားပါ။ ချက်ပြုတ်ပုံ။         ။ဒယ်အိုးထဲသို့ဆီအနည်းငယ်ထည့်ပြီး၊ဆီပူလျှင် ကြက်သွန်နီနဲ့ဂျင်းအနည်းငယ်ကို ဆီသပ်ပါ၊ခရမ်းချဉ်သီးလှီးပြီးသားထည့်ပါ။ ငရုတ်သီးအနှစ်အနည်းငယ်ထည့်ပါ။ငါးငံပြာရည်အနည်းငယ်ထည့်ပါ။အနံမွှေးလာလျှင်…အမဲသားကိုထည့်ပြီးလုံးလိုက်ပါ။ ပြီးလျှင် အသီးအနှံများဖြစ်သော ပြောင်းဖူးငယ်၊ပဲသီးစိမ်း၊ငရုတ်ပွနီတို့ထည့်ပြီး ရေအနည်းငယ်ထည့်၍ အဖုံးအုပ်ထာလိုက်ပါ၊ဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ခရုဆီအနည်းတို့ထည့်ပါ၊ငရုတ်ဆီအနည်းငယ်လည်းထည့်ပါ။ အရသာကိုလည်းမြည်းကြည့်ပြီး လိုတာထပ်ထည့်ပါ၊အချဉ်အတွက်ရှာလကာရည် အနည်းငယ်ထပ်ထည့်နိုင်ပါသည်၊အစပ်ကြိုက်သူတွေကတော့ ငရုတ်သီးစိမ်းကို ဓါးပြားရိုက်ထည့်ချက်နိုင်ပါသည်။ရေခမ်း၍ဆီပြန်သလောက်ရှိရင်စားလို့ရပါပြီ… မှတ်ချက်။       ။အမဲသားကို အရွတ်များ၊အကြောများမပါအောင်လှီးပါ…။ပါးပါးလှီးပါ။ဒါမှအသားနှုးတာမြန်ပါမည်။။။။။။။ ကဲ…စမ်းသပ်ကြည့်လိုက်ပါအုံး…ရွာသူ၊ရွားသားတို့…