ကျွန်တော် ရွာထဲကိုမရောက်ဖြစ်တာ ကြာပါပြီ၊ ဒီနေ့ ရောက်တုန်းမှာ kotun winlatt   ရေးထားတဲ့ ပရဟိတ ဆိုတာ ဆိုတဲ့ ပို့စ် ကိုတွေ့တာနဲ့ ကျွန်တော်တက်ရောက်ခဲ့ဖူးတဲ့ ပရဟိတ ကလေးများကို အာဟာရ ကျွေးပွဲ အကြောင်းလေး နဲနဲလောက်ပြောပြချင်လို့ပါ၊ နဲနဲတော့ကြာခဲ့ပါပြီ၊ ကျွန်တော်တို့မြို့မှာပါ၊ နဲနဲ လူကြီးပိုင်းက လူက မြို့နယ် ပရဟိတ ကျောင်းကို အာဟာရ ကျွေးတဲ့ အလျှူ တစ်ခုပြုလုပ်ပါတယ်၊ ကျွန်တော့်ကိုလဲ ဖိတ်တော့ ကျွန်တော်လဲ သွားရပါတယ်၊ ရောက်သွားတော့ မြို့က လူဂုဏ်တန် တွေကို သီးခြား ဧည့်ခံနေတာတွေ့ပါတယ်၊ ဝက်သား၊ ကြက်သား၊  စသည်ဖြင့်ပေါ့လေ (အရောမပါ) တဲ့ဟင်းများနဲ့ ဧည့်ခံနေတာတွေ့ရပါတယ်၊ ကျွန်တော် တောင် ဝမ်းသာပီတိ ဖြစ်မိပါတယ်၊ ကျွန်တော်ကတော့ မလျှူနိုင်တော့ သာဓု […]