black chawSeptember 17, 20151min38535
ကျွန်တော့်ကို မွေးတာက ဧရာဝတီတိုင်း ပုသိမ်မြို့…။ ကျွန်တော် ကြီးပြင်း အရွယ်ရောက်တာက ပဲခူးတိုင်း၊ ရန်ကုန်-ပြည်လမ်း နံဘေးက အင်းမမြို့…။ ကျွန်တော့် ဘဝ ရဲ့ အရေးအကြီးဆုံး ဖြစ်တဲ့ တိုးတက်မှု အောင်မြင်မှု ကျရှုံးမှု စတာတွေကိုတော့ လှည်းတန်းဆိုတဲ့ ရပ်ဝန်းဒေသလေးမှာ ဖြတ်သန်းခဲ့ရတာပါ။ လှည်းတန်းမှာ ကျွန်တော်ဟာ ဂုဏ်ယူဝင့်ကြွားစရာ ကိစ္စတွေ ရှိခဲ့သလို လှည်းတန်းမှာပဲ ကျွန်တော်ဟာ အမှားအယွင်းပေါင်းများစွာ (မောင်မောင်အေး Dream Boat စကားငှားပြောရရင် ကိုယ့်ပါးကိုယ် အချက်တစ်ရာလောက် ရိုက်ချင်စရာကောင်းတဲ့ ကိစ္စတွေ) ကို ကျူးလွန်မိလျက်သား ဖြစ်ခဲ့တာကြောင့် လှည်းတန်းဟာ ကျွန်တော့်အတွက် မမေ့နိုင်စရာ နေရာတစ်ခုလို့ ပြောချင်ပါတယ်။ ———————————– ၁၉၈၈ အရေးအခင်းမဖြစ်မီ အချိန်လေးမှာ ကျွန်တော်တို့မိသားစု ရန်ကုန်ပတ်ဝန်းကျင် ကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ […]