manawphyulayMarch 5, 20121min42816
လှတောက လူတွေ စကားတတ်တယ်ဆိုတာ အရင်တုန်းကတော့ စာအုပ်တွေဖတ်ဖူးလို့ သိရပါတယ်။ ခုတော့ သူတို့စကားပြောပုံတွေက ဥပမာလေးတွေနဲ့ ပြောပုံဆိုပုံအပြင် နဘေ ကာရန်နဲ့လည်း ပြောတတ်ကြတာ တွေ့ရတယ်။ နောက် နှိုင်းယှဉ်ပြီးလည်း ပြောတော့ ရယ်စရာမပြောလည်း ရယ်ဖို့ အတော်ကောင်းတယ်။ ပြောလိုက်ရင် ကွက်ကွက်ကွင်းကွင်းကို ဖြစ်ဖြစ်သွားတယ်။ သူတို့ပုံစံတွေကတော့ အတော့်ကို ရိုးသားကြတယ်။ ခင်မင်ဖွယ်လည်း ကောင်းတယ်။ မရောက်ဖူးတဲ့နေရာမှာ အထူးအဆန်းကိုဖြစ်နေတော့တာပါပဲ။