Swal Taw YwetOctober 17, 20131min29414
မန္တလေးဂဇက်မှာပျော်နေတဲ့ စွယ်တော်ရွက် ကိုခေါင်းကိုက်အောင်လုပ်နေတဲ့ အသစ်ကလေးကြောင့်ပါဗျာ။ကူကြပါဦး။ ပြီးခဲ့တဲ့အပတ်က ကျနော့် သင်တန်းမှာ Model မျိုးစုံနဲ့လေ့ကျင့်နိုင်အောင် လျှပ်စစ်ပစ္စည်းလေးတွေ ထပ်ဝယ်ရင်း အဲဒီ အသစ်ကလေးနဲ့တွေ့ခဲ့တာပါဗျို့။ လှတော့တော်တော်လှတယ်။ ဗီယက်နမ်ကလာတာလို့ပြောတာပါဘဲ၊ သပ်သပ်ရပ်ရပ် ပလပ်စတစ်အိတ်လေးနဲ့ ထုပ်ပိုးထားပါတယ်။ ဗျာ…….ဟာ…….ဟာ.. လူမဟုတ်၊နတ်သမီးမဟုတ်ပါဗျာ၊ မီးခေါင်းအသစ်လေးတွေအကြောင်းပြောနေတာပါ၊ဘာတွေလျှောက်တွေးနေတာတုံး၊၊၊ဟီ   ဟိ၊။ အထဲမှာ အညွှန်းစာရွက်လေးလဲပါတယ်၊ ဖတ်ကြည့်မိတော့ ဗီယက်နမ်လို ၃ ကြောင်း၊ အင်္ဂလိပ်လို ၃ ကြောင်း တွေ့ရပါတယ်၊ အင်္ဂလိပ်လို ရေးပြထားတာလေးတွေကို ကိုယ်နားလည်သလောက် ဘာသာပြန်ကြည့်မိလိုက်တော့ ဒီလိုနားလည်မိပါတယ်ခင်ဗျ။ Plastic Lamp Holder With Impact Resistance.= ထိခိုက်မိတဲ့ဒဏ်ခံနိုင် အောင် ပလပ်စတစ်နဲ့လုပ်ထားတဲ့မီးခေါင်း။ မတော်တဆလွတ်ကျ၊ထုရိုက်မိရင် အလွယ်တကူ မကွဲနိုင်ဘူးပေါ့။ Only Used For Compact Light.= Compact […]