Paing LayMarch 5, 20141min1335
“ ဒိန်းးးးးးးးးးဖုတ်!….ဖုန်းးးးးးဖွမ်းးးးးးးးး” “ဟဲ့..သောက်ပလုတ်တုတ်” ငပေတိုး လန့်ခါပြီး သစ်ကိုင်းပေါ် တွဲလောင်းခိုမိလို့ ပင်စည်ကျောမှီပြီး ငြိမ်နေသာ ရုက္ခစိုးကြီးပါ လန့်သွားတယ် “ဘာဖြစ်တာတုန်း သောက်ခွေးရ” ငပေတိုး ရင်တုန်ပန်းတုန်နှင့်….“လန့်….လန့်သွားလို့” “ဘာလန့်စရာရှိလို့ လန့်ရတာတုန်း၊ ဒီမှာ တရားမှတ်နေတယ်ကွ” “ဆီးဂိမ်းဖွင့်ပွဲလေ ဘကြီးရဲ့ ဗျောက်အိုးတွေ ထဖောက်ပစ်တာ မပြောမဆိုနဲ့ လန့်တာပေါ့ဗျ” “ အောင်မာ အဲ့ဒါ နေပြည်တော်မှာ မင်းကရန်ကုန်မှာ ဘာလာကြောင်တာလဲ” “အာ…ဟိုးမှာ အုပ်ချုပ်ရေးမှူး အိမ်ဧည့်ခန်းထဲက တီဗွီကြီးက အကြီးကြီး အသံကလည်း အကျယ်ကြီးဗျ။ ဆီးဂိမ်းဖွင့်ပွဲ သရုပ်ပြပွဲမှာ သူ့သမီးလည်း ပါတယ်ဆိုလို့ ဟိုတစ်နေ့ကမှ 60” LCD ကြီး တစ်လုံး ပစ်ဝယ်လာတာ” “အဲဒါဘာဖြစ်လဲ” “ အာ…တီဗွီ အကြီးကြီး နဲ့ အသံက အကျယ်ကြီးဖွင့်တော့ […]