amatminFebruary 9, 20121min1599
၇.၂.၂၀၁၂နေ့ညကပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ.ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးဦးရွှေမန်းက ဝန်ထမ်းတွေလစာတိုးပေးဖို့နဲ့သက်ဆိုင်တဲ့ဆွေးနွေးချက်(အဆို)တခုကိုတင်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီပို့စ်မှာ ကျနော်ပြောချင်တာကတင်သွင်းတဲ့အဆိုမှာပါဝင်တဲ့ အကြောင်းအရာကိုမဟုတ်ဘဲ အဆိုတင်သွင်းခွင့်ရှိ.မရှိဆိုတာကိုပါ။ ကျနော်နားလည်မိတာက လွှတ်တော်ဥက္ကဋ္ဌနဲ့သဘာပတိ အစရှိတဲ့သူတွေဟာ ကိုယ်တိုင်အဆိုတင်သွင်းစရာမလိုဘဲ..အဆိုနဲ့ပက်သက်တဲ့ပြောဆိုဆွေးနွေးမှုတွေကိုပဲလုပ်ပိုင်ခွင့်နဲ့အညီဆုံးဖြတ်ပေးရမယ်။ ပြီးတော့လည်း လွှတ်တော်ဥက္ကဋ္ဌဆိုတာ ကြားလူအဖြစ်နေရပြီးတော့ သူ့အနေနဲ့ဆွေးနွေးချက် /အဆိုတခုအပေါ်မှာလည်းမဲပေးဖို့မလိုဘဲ လွှတ်တော်အမတ်တွေမဲခွဲတဲ့အချိန်တွင်း.. ဘက်နှစ်ဖက်အရေအတွက်တူညီသည့်အချိန်မျိုးတွင်သာ အနိုင်မဲပေးခွင့်ရှိသည်။ ဆိုတော့ကာ..အခုသတင်းတွေမှာပါတဲ ့လွှတ်တော်ဥက္ကဋ္ဌကြီးကတင်သွင်းတဲ့အရေးကြီးအဆို(ဆွေးနွေးချက်)ကို လွှတ်တော်အမတ်တွေကထောက်ခံ.ပြည်ထောင်စုလွှတ်တော်ကလက်ခံအတည်ပြုပြီး အစိုးရကိုတိုက်တွန်းတယ်ဆိုတာကြီးကို ကြည့်လိုက်တော့ တမျိုးကြီးဖြစ်နေလားလို့… လိုအပ်ရင် သက်ဆိုင်ရာဝန်ကြီးကိုယ်တိုင် ဆိုင်ရာအဆိုတင်သွင်းလည်းရလောက်တယ်ထင်တာပဲ.. ပြောရရင်အဆိုကတော့ လူကြိုက်များချင်စရာအဆိုဖြစ်ပေမဲ့.လုပ်ထုံးလုပ်နည်းတွေအရဆိုရင် လွှတ်တော်ဥက္ကဋ္ဌကြီးတွေအနေနဲ့ ကိုယ်တိုင်အဆိုတွေတင်ခွင့်ရှိမရှိ နားလည်တဲ့ရွာသူားတွေရှင်းပြပေးကြပါလို့.. PS. အဆိုကိုဝေဖန်ခြင်းမဟုတ်ဘဲ အဆိုတင်ခွင့်အပေါ်သိလိုခြင်းမျှသာဖြစ်ပါကြောင်း… (၈.၂.၂၀၁၂) ရက်နေ့ သတင်းစာပါကောက်နှုတ်ချက်တစိတ်တပိုင်း…. “အရေးကြီးအဆိုအဖြစ် ဇေယျာသီရိမဲနယ်မှပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့်စပ်လျဉ်းပြီးဆွေးနွေးခြင်းကို…….”