ကြောင်လေးJune 26, 20121min1566
သဂျီးတစ်ယောက် ၊ကောင်းဖို့ ရောက်မူ ရွာသူားများမှာ၊မျက်စိပြာကာ ဓမ္မတာတည့်…… အဲ…အဲ…မဟုတ်သေးပါဘူး သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည့်……… အနန္တသူရိယ အမတ်ကြီးက မျက်ဖြေလင်္ကာရေးစပ်ခဲ့တယ်……… ဟုတ်ပါတယ်။သူတစ်ယောက်ကောင်းဖို့ တစ်ယောက်ပျက်ပေးရတာမျိုးရှိပါတယ်။ တစ်စုတစ်ဖွဲ့ကောင်းဖို့ တစ်စုတစ်ဖွဲ့ပျက်ပေးရတာမျိုး…… အများကောင်းဖို့ တစ်ယောက်ပျက်ပေးရတာမျိုး…… တစ်ယောက်ကောင်းဖို့ အများပျက်ပေးရတာမျိုး…… အမျိုးမျိုးပေါ့ဗျာ… တလောက သမ်မတဂျီးမိန့်ခွန်းထဲမှာ လုပ်ငန်းတော်တော်များကို ပုဂ္ဂလိက လုပ်ပိုခွင့်ပေးမယ်လို့ဖတ်လိုက်ရတယ်၊ ဒီရက်မှာတော့ ဌာနတွေ တော်တော်များများမှာလွှဲမဲ့ပြောင်းမဲ့အကြောင်းတွေကို တော်တော်ပြောနေကြတယ်။တချို့ဌာနတွေ   တိုင်းကြထွာကြ၊ ရေးကြဆွဲကြ၊ တွက်ကြချက်ကြ၊နဲ့အလုပ်တွေတော်တော်ရှုပ်နေတဲ့အထိပါပဲ။ မနေ့ည ရှစ်နာရီလောက်က သူငယ်ချင်းတစ်ယောက်ဆီကဖုန်းဝင်လာတယ်။ မှားဝင်လာတာပါ။ သူခေါ်ချင်တာက တခြားသူငယ်ချင်းတစ်ယောက်ပါ။ ဌာနတူ သူငယ်ချင်းတွေပါပဲ။ ဘာအကြောင်းတွေများပြောမလို့လဲလို့မေးလိုက်တော့…… အခုဌာနတော်များများကို ပုဂ္ဂလိကလွှဲဖို့လုပ်နေကြောင်း၊တို့ဌာနကိုလည်းပုဂ္ဂလိက လွှဲတော့မယ်လို့ကြားတယ်ဆိုတဲ့အကြောင်း။ အဲလိုလွှဲရင် သတ်မှတ်လုပ်သက်မှီတဲ့ သူတွေက ပင်စင်ယူရင် ယူနိုင်ပြီးတော့၊ မမီတဲ့သူတွေကတော့ အခြားသင့်တော်ရာ ဌာနတွေကိုပြောင်းရမှာဖြစ်ကြောင်း။ အဲလိုပြောင်းရရင် […]