Nan ShinSeptember 2, 20111min1278
၁။နွားကျောင်းသား သာဂိ                           သာဂိက တောသား။ သားသုံးသားတွင် တခုမှမလွတ်သူ။ သို ့သော်ကိုယ့်လူ များသိထားသော သားသုံးသားတွင်လည်း တခုမှမပါဝင်သူ။ ဟုတ်တယ်။ သူက နွားကျောင်းသား၊ ဘုန်းကြီးကျောင်းသား၊ တောသား။ သူ ့အိမ်အတွက် ကူဖော်လောင်ဖက်အဖြစ် သောက်ရေခတ်ဖို ့ပင် အကူအညီ မရတတ်သော်လည်း ရွာထဲရှိသက်ကြီးရွယ်အိုများ၊မသန်စွမ်းသူများ၏အိမ်တွင် ကြုံရင်ကြုံသလို ရေခပ်၊ ထင်းခွဲ ရေနွေးအိုးတည်စသည်ကို လုပ်ကိုင်ပေးတတ်သူ။ သူ ့အမေကတခါတခါ ” ဟဲ့ သာဂိ နင်လေ ကလေကဝလျှောက်သွားပြီး အိမ်ကအလုပ်ကိုတော့ နည်းနည်းလေးမှ ကူဖော်လောင်ဖက်မရဘူး ”  ဟု ကြိမ်းမောင်းသောအခါများတွင် ” အမေ့မှာ သားငါးယောက်ရှိတယ်၊ အဲ့ဒိအထဲမှာသားက အငယ်ဆုံး၊ အမေ့ထမင်းကို သားစားထားတာ ဟိုကောင်တွေလောက်မများသေးဘူး၊ အမေ့ဆီမှာသားပူဆာတာဆို လို ့မြိုကစာသင်ဘုန်းကြီးတပါးကို စာအုပ်ဖိုးလှူချင်လို […]