Nan ShinAugust 28, 20111min19815
  မောင်ငွေမက်ဆိုပြီး မောင်တပ်ထားလို့မချေမငံဆက်ဆံဖို့တော့မစဉ်းစားနဲ့နော်။ချာတိတ်လေးမဟုတ်ဘူး။ အသက်က  ခြောက်ဆယ်ပြည့်တော့မယ်။  ကျုပ်ဆိုတဲ့ကောင်ကသူများကိုပဲကျောချင်တာ ကိုယ့်ကိုလာကျော ရင်နဲနဲမှ ခံချင်တာမဟုတ်ဘူး။ အသက် ခုနစ်ဆယ်ကျော်စာရေးဆရာကြီးတွေကသူတို့ကိုယ်သူတို့ကလောင် မှာမောင်တပ်ပြီးရေးတာကိုလဲ အားကျတယ်။ထူးချွန် ထက်မြက်သူတိုင်းဟာ သူတို့ ရဲ့အကြောင်းကို ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တို့ တစ်သက်တာ မှတ်တမ်းတို့ပြုစု ရေးသား သွားကြတာကို လည်းအားကျတယ်။ ဒါကြောင့်   ကျနော့်ရဲ့           မှတ်သားဖွယ်ရာ  ဘဝအတွေ့အကြုံ  တွေကိုလည်း နောင်လာ နောက်သားများ ရှောင်ချင်ရင်လည်းရှောင်၊ ဆောင်ချင်ရင်လည်း ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး” မောင်ငွေမက် တစ်သက်တာမှတ်တမ်း”ဆိုတဲ့ ဒီစာတမ်းကိုပြုစုရေးသားလိုက်ရပါတော့တယ်။         ကျနော့်မိဘတွေက ကျနော့်လိုလည်လည်ဝယ်ဝယ်မရှိခဲ့လို့ ကျနော့်ရဲ့ဘဝဟာ  ဆင်းဆင်းရဲရဲ မွဲမွဲတေတေ နဲ့ ကြီးပြင်းခဲ့ရတယ်။  ဒါပေမဲ့ ကိုးတန်း အထိတော့ ကျနော့် ကိုကျောင်းထား ပေးနိုင်ခဲ့ကြတယ်။ ကျနော်ဆယ်တန်းတက်မဲ့နှစ်မှာ အဖေဆုံးတယ်။အမေက […]