San Hla GyiFebruary 23, 20141min42333
(ယခင်လမှ အဆက်) အခန်း (၁၁) ထမင်းစားခန်းထဲတွင် ဘူးဆန်းနဲ့ လီလီ စကားပြောနေတာ တွေ့ရသဖြင့် ယွီရှောင် အနည်းငယ် စိတ်ကသိကအောက် ဖြစ်သွားသည်။ ထို့ကြောင့် နေ့လယ်စာကို ခပ်သွက်သွက်ပင် ပြီးလိုက်ပြီး အလုပ်ပြန်မစမီ အချိန်လေးတွင် အသာလေး မျက်စိများကို မှိတ်ထားကာ မှိန်းနေလိုက်သည်။ သူအကြိုက်ဆုံး အနားယူနည်း တမျိုးလည်း ဖြစ်သည်။ ကိုယ်က ပုံတွေကြည့် ဂဏန်းတွေတွက် ကွန်ပျူတာကြည့် စသည်ဖြင့် မျက်စိရော ခေါင်းရော အလုပ်လုပ်ရသူ ဖြစ်ရာ အခုလို နာရီဝက် လေးဆယ့်ငါးမိနစ်ခန့် မှေးလိုက်ရတာက အတော် အထောက်အကူ ဖြစ်သည်။ ဒီလိုမှ မဟုတ်လျှင် အလုပ်ပြန်စချိန်တွင် မျက်လုံးများ ကျိန်းစပ်စပ်ဖြစ်ကာ အလုပ်လုပ်လို့ မကောင်းပဲ ဖြစ်တတ်သည်။ သူ့အနေနှင့် ဒီကုမ္မဏီမှာ လုပ်လာခဲ့တာ အခုဆိုလျှင် […]


San Hla GyiJanuary 12, 20141min25018
(ယခင်လမှ အဆက်) အခန်း(၆) ပြန်ခါနီး မစ္စတာလိုကျင်း တယောက် စိတ်ပျက်စွာဖြင့် ရုံးခန်းထဲ ထိုင်နေမိသည်။ ဖြစ်ရပုံက မိမိဌာနမှ ဘူးဆန်းဆိုသော လူငယ် တယောက်ကြောင့် ဖြစ်သည်။ မစ္စတာလိုသည် တခြားဌာနမှ လူများ အတွက်သာ ကြောက်စရာ ဖြစ်နေသော်လည်း မိမိဌာနမှ တပည့်တွေ အတွက်တော့ ကြက်သားအုပ်မကြီးက ကြက်ကလေးတွေကို အကာအကွယ် ပေးသလို စောင့်ရှောက် ကာကွယ်ပေးတတ်သည်။ ဒီနေ့ ဖြစ်ရပုံများတော့ မပြောချင်တော့ဟု မစ္စတာလို တွေးနေမိသည်။ ဒါရိုက်တာအဖွဲ့ အစည်းအဝေး ရှိသဖြင့် သူ့အနေနဲ့ နေသိပ်မကောင်းတာတောင် ရုံးကို လာခဲ့သည်။ အစည်းအဝေးခန်းထဲမှာ သူဌေးကြီး ကေကေဝမ် အပါအဝင် အခြားဌာနများမှ လူကြီးများနဲ့ ဆွေးနွေးအပြီး အစည်းအဝေး ပြီးခါနီးတွင် မစ္စတာဝမ်က သူ့ကို ပြောစရာရှိလို့ ဆိုပြီး […]


San Hla GyiDecember 24, 20131min33737
အခန်း (၁) ဒီနေ့ အိပ်ရာထ မဆိုစလောက် နောက်ကျသွားသဖြင့် တိုင်မင် အနည်းငယ်အောက်ကာ အလုပ်သွားဖို့ အိမ်မှ ထွက်တာလည်း နောက်ကျသွားသည်။ ထို့ကြောင့် နှစ်ဘူတာခန့်ဝေးသော စုရပ်ရှိ ကြိုပို့ကားကို မှီရန် ကမန်းကတမ်း အပြေးတပိုင်း အိမ်မှထွက်ကာ ကားနှစ်မှတ်တိုင်ခန့်စီးပြီး အမောတကော သွားရလေ၏။ ဒီအရပ်က မနက်ခင်းကလည်း အလုပ်သွားမည့် သူများ ကျောင်းသွားသူများ ပျားပန်းခတ်ကာ ကျိတ်ကျိတ်တိုး စည်ကားလှသည်။ မှတ်တိုင်မှာဆင်းပြီး စုရပ်သို့ လမ်းကလေး ဓါတ်တိုင် သုံးတိုင်စာလောက် လျှောက်ရသော နေရာလေးကို ကိုယ့်ရှေ့မှလူများကြောင့် တိုးဝှေ့ပြီး သွားရသဖြင့် တော်တော်နှင့်မရောက်။ ကြိုပို့ကားကို မြင်နေရပြီ။ ကံကောင်းသည် မထွက်သေး သီဟ လက်ပြကာ ကမန်းကတမ်း ပြေးလေသည်။ ရှေ့မှလူများကိုလည်း အသာလေးတိုးကာ ဆောရီးဟု ပြုံးပြပြီး ပြေးပါတော့သည်။ […]