onlinezzJuly 21, 20101min630
ပိန်သွားအောင်အိပ်တာလားလို ့ အမေးခံရရင် မအိပ်တက်ဘူးလို ့ပဲ ဖြေကြမှာပါ။သို ့ပေမယ့် ဟားဗက်ဆေးတက္ကသိုလ်က အမျိုးသမီးပေါင်း ၆၈,၀၀ဝ ကိုလေ့လာထားတဲ့ သုတေသနတစ်ခုက အံ့အားသင့်ဖွယ် ရလဒ်တစ်ခုကို ထုတ်ဖော်လိုက်ပါတယ်။တစ်ရက်ကို ၅ နာရီပဲ အိပ်တဲ့ အမျိုးသမီးတွေဟာ ရနာရီ နဲ့ အထက် အိပ်တဲ့အမျိုးသမီးတွေထက်ယှဉ်ရင် အသက်ကြီးလာတဲ့အခါမှာ ပေါင် ၃ဝ တက်လာဖို ့ ၃၂ ရာခိုင်နှုန်း ပိုများတယ် လို့ဆိုပါတယ်။ယေဘုရပြောမယ်ဆိုရင်တော့ အိပ်ယာကထပြီး လှုပ်ရှားနေတဲ့ သူက အိပ်နေတဲ့သူထက် ကယ်လိုရီ ပိုသုံးတယ်လို့ ဆိုရမှာပါ။ ကိုယ်လက်လှုပ်ရှားနေတာကပိန်စေမှာပါ။ ဒါပေမယ့် ၁၆ နှစ်ကြာပြုလုပ်ထားတဲ့ လေ့လာမှုက အချိန်ပိုပြီးအိပ်တဲ့ အမျိုးသမီးတွေဟာ များများစားရင်တောင် အအိပ်နည်းတဲ့သူတွေလောက် ကိုယ်အလေးချိန်မတက်ဘူးလို့ ဆိုပါတယ်။ အိပ်ချိန်ပိုများတဲ့ အုပ်စုက ကိုယ်လက်လှုပ်ရှား မှုနည်းမယ်ဆိုတာမှန်ပါတယ်။ဒါပေမယ့် သုတေသနပညာရှင်တွေပြောတာက […]