chit layDecember 1, 20111min16812
ကျွန်မနာမည်က ဒေါ်တင်ပါ … သားသမီးတွေကတော့ အမေလို့ခေါ်ကြတယ် … မြေးတွေကတော့ ဖွားတင်၊ ဖွားဖွားတင်၊ ဖွားဖွားကြီး အစရှိသဖြင့်ခေါ်ကြတယ် … အိမ်နားက ကလေးတွေကတော့ အမေတင်လို့ခေါ်တယ်လေ…။ ကျွန်မမှာက သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ် .. မြေးကတော့ ၅ယောက် ရှိပါတယ်…။ အရင်တုန်းကတော့ ကျွန်မတို့အိမ်ကလေးက မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ သီရိဂေဟာလေးပေါ့ … သားနဲ့သမီးက အချိန်တန် အရွယ်ရောက်တော့ အိမ်ထောင်ကိုယ်စီကျပြီး အိမ်ကနေခွဲထွက်သွားကြတဲ့အခါ ကလေးတို့အဖေနဲ့ ကျွန်မ ၂ယောက်တည်း ခြောက်ခြောက်ကပ်ကပ်နဲ့ ကျန်ခဲ့ရတာပေါ့လေ … အခုကျတော့ ကလေးတို့အဖေကလည်း ကျွန်မကို တစ်ယောက်တည်း အထီးကျန်ဆန်စွာ ထားခဲ့ပြန်ပြီလေ …။ အိမ်မှာ ကျွန်မကို ကူလုပ်ပေးမယ့် ကလေးမလေးရယ် ကျွန်မရယ် ၂ ယောက်တည်းပေါ့ ..။ အသက်ကြီးလာပြီဆိုတော့ […]