black chawMarch 6, 20151min29526
နိုင်ငံရေး ကိစ္စ ဆိုတာမျိုးဟာ မဆွေးနွေးတာ အကောင်းဆုံးပါ ခင်ဗျာ…။ သားအဖ အရင်းတောင် အမြင်မတူရင် ဓါးနဲ့ ထထိုးကြတယ်လို့ ကြားဖူးပါတယ်ခင်ဗျ…။ အခု လောလောဆယ် ကျောင်းသားသပိတ် ကိစ္စ ကို ကျွန်တော်တို့ ရွာသားတွေ အမြင်မတူကြဘူးဆိုတာ အားလုံးအသိပါ…။ တချို့က ထောက်ခံကြပါတယ်…။ ထောက်ခံပါ…။ ထောက်ခံပိုင်ခွင့် အပြည့်ရှိတာပဲ…။ ဘယ်သူ့ ဂရုစိုက်နေဖို့လိုလို့လဲ…။ တချိ့က ကျတော့ ကန့်ကွက်ကြပါတယ်…။ ကန့်ကွက်ပါ…။ ဒါလည်း ကန့်ကွက်ပိုင်ခွင့်အပြည့်ရှိတာပဲ…။ တချို့ကလည်း ကျောင်းသားသပိတ်နဲ့ ပတ်သက်ပြီး အသံတိတ် လေ့လာ နေတာမျိုးတွေလည်း ရှိနေတာပါပဲ…။ ကျွန်တော်တို့လို လူမျိုးတွေပေါ့ခင်ဗျာ…။ အဲလိုလူတွေကို ခြံစည်းရိုးခွထိုင်တယ်ရယ်လို့တော့ မစွတ်စွဲစေချင်ပါဘူး…။ ဘယ့်နှယ့် ကြီးတွေလဲ ဗျာ…။ အခုပဲကြည့်။ ကျောင်းသားသပိတ်ကို ရပ်သင့်တယ် ထင်သူတွေနဲ့ ကျောင်းသားသပိတ်ကို ဘာလုပ်လုပ် […]